ပန်းပွင့်တွေကို သာမာန်ကိုင်ထားတာ ပန်းခင်းမှာရိုက်ထားတာမျိုးမဟုတ်ဘဲ ထူးခြားတဲ့အိုင်ဒီယာတွေနှင့် ဖန်တီးတဲ့ပို့စ်အဆန်းတွေကိုဖော်ပြပေးသွားပါမယ်။
ပုံမှန်အားဖြင့် အပေါ်ပိုင်းဗလာနေရာကို ပန်းပွင့်တွေနှင့်ကာထားတဲ့ ဒီလို့ပို့စ်ဟာ အနုပညာရှင်တွေပဲလုပ်လေ့ရှိကြတာပါ။ နောက်ပိုင်းမှာတော့ သာမာန်မိန်းကလေးတွေကြားမှာပါနာမည်ကြီးလာပြီးတော့ ပန်းတွေနှင့်အတူလုပ်နိုင်တဲ့ ပို့စ်အိုင်ဒီယာတစ်ခုဖြစ်လာပါတယ်။
ဆံပင်ရှည်တဲ့မိန်းကလေးတွေလုပ်လေ့ရှိတဲ့ ပို့စ်တစ်ခုဖြစ်ပါတယ်။ ဆံပင်ရှည်ပေါ်မှာ ပန်းပွင့်တွေကို လှလှပပ တန်ဆာဆင်ထားတာမဟုတ်ဘဲ အဆင်ပြေသလိုအလှဆင်ထားပုံရတဲ့ ဒီလိုပို့စ်မျိုးဟာလည်း လူငယ်အမျိုးသမီးတွေကြားမှာ နာမည်ကြီးပါတယ်။
ပန်းပွင့်ဖက်လေးတွေကိုကြဲတာမဟုတ်ဘဲ ပန်းအခိုင်လိုက်ကြွေကျတဲ့နေရာမှာ ဒီလိုရိုက်ထားတာကလည်း နောက်ပိုင်းမှာ ထူးဆန်းတဲ့ပို့စ်အိုင်ဒီယာတစ်ခုအနေနှင့်နာမည်ကြီးလာပါတယ်။ ပုံမှန်ပန်းတွေနှင့်ရိုက်ကူးရတာထက် ဆန်းကြယ်ပြီးတော့ ထူးခြားတဲ့ခံစားချက်ကိုပေးပါတယ်။
ပန်းတွေကို မိတ်ကပ်လိုမျိုး မျက်နှာမှာကပ်ခြင်းကလည်း အရင်ကတည်းကအနုပညာရှင်တွေလုပ်ကြတဲ့ပို့စ်တစ်ခုပါ။ ဒါပေမဲ့ အခုနောက်ပိုင်းမှာတော့ သာမာန်လူတွေပါလိုက်လုပ်လာကြပြီးတော့ ဒီလိုပို့စ်တွေဟာ အနုပညာဆန်တဲ့ခံစားချက်တစ်မျိုးကိုဖြစ်ပေါ်စေပါတယ်။
မျက်နှာမပါပေမဲ့ ခြေထောက်နှင့်လက်တွေကိုပန်းတွေထိုးပြီးတော့ ရိုက်ကူးတဲ့ပို့စ်ကလည်းနာမည်ကြီးလာတဲ့ပို့စ်တစ်ခုဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ဒီလိုဓာတ်ပုံတွေဟာ အင်စတာဂရမ်လိုမျိုး ဆိုရှယ်မီဒီယာတွေမှာအတော်လေး လူကြိုက်များမယ့်ပုံစံတွေဖြစ်ပါတယ်။
ပန်းနှင့်ပန်းချီကိုပေါင်းထားတဲ့ခံစားချက်ရစေတဲ့ ဒီလိုပို့စ်တွေဟာလည်း အနုပညာဆန်ပြီးတော့ထူးခြားတဲ့ခံစားချက်ကိုဖြစ်စေပါတယ်။ ပုံမှန်အားဖြင့် ပန်းအများစုနှင့်အရောင်ကိုလိုက်ဖက်အောင်တွဲစပ်ကြပြီးမှ ပုံရိုက်ကြတာဖြစ်ပါတယ်။ ဖက်ရှင်မဂ္ဂဇင်းအများစုမှာတွေ့ရလေ့ရှိတဲ့ ပို့လည်းဖြစ်ပါတယ်။