မြိတ်ကတ်ကြေးကိုက်လေးလုပ်စားမယ်

//s9.kh1.co/47/479657a3d98632642ae3fcfe9174a73a052ff8fe.jpg
ဗဟုသုတအဖြာဖြာ

 ၂၈-ဖေ-၂၀၂၄ ၃pm · လွန်ခဲ့သော တစ်နှစ် က

မြိတ်ကတ်ကြေးကိုက်လေးလုပ်စားမယ်


မြိတ်ကတ်ကြေးကိုက်ကို တော့ကြိုက်ကြမယ်ထင်ပါတယ် ဆိုင်မှာဝယ်စားရင်ဈေးအရမ်းကြီး မကြီးပေမယ့် တစ်ပွဲနဲ့မဝဘူးမဟုတ်လား? ဒီတစ်ခါတော့ မြိတ်ကတ်ကြေးကိုက်လေးကို အိမ်မှာကုန်ကျစရိတ်နဲနဲ နဲ့ မိသားစုနဲ့ အဝစားလို့ရအောင်လုပ်နည်းလေးလာပြောပြတာပဲဖြစ်ပါတယ်

ပါဝင်ပစ္စည်းတွေကတော့ -

ညှပ်ခေါက်ဆွဲ

ကြက်သွန်ဖြူ

ကြက်သား၊ ကြက်ဥကြော်

ပဲပင်ပေါက်၊ ပဲပြုတ် အနည်းငယ်

ကြက်သွန်မြိတ်၊ နံနံပင် တို့လိုအပ်ပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/7a/7af68ee447b93750b1125ef9cba362ee0702b26a.jpg

ညှပ်ခေါက်ဆွဲကို အရသာဝင်စေရန် ဆား၊ အရသာမှုန့်၊ငရုပ်သီးအရောင်မှုန့် ပဲငံပြာရည် အကြည်/အနောက်၊ ခရုဆီ၊ ရှာလကာရည်တို့နဲ့ ရောကာဖွဖွနယ်ထားပါ။ ကြက်ဥကြော်ကို လည်းဓားဖြင့်နှစ် သက်သလိုလှီးဖြတ်ထားပြီး ကြက်သားကိုရေစင်အောင်ဆေးကာ အတုံးငယ်များပါးပါးတုံးထားပါ။ ကြက်သွန် မြိတ်၊ နံနံပင်တို့ကိုလည်း ရေစင်အောင်ဆေးကာကတ်ကြေးဖြင့်နုတ်နုတ်ညှပ်ထားကာ ပဲပင်ပေါက်ကိုလည်း ရေစင်အောင်ဆေးထားပါ

https://s9.kh1.co/__image/w=650,h=342,q=100/fd/fd43cfb7f27983c9f048cc30d25b176cdb7225ae.jpg

ကြက်သွန်ဖြူကို ဓားပြားရိုက်ကာဆီသတ်ပါ.. အနံ့မွှေးလာပါက အတုံးငယ်များတုံးထားသောကြက်သား များထည့်ကာ ကြက်သားတို့ကြက်အောင်ကြော်ထားပါ။ ကြက်သားတို့ ကျက်ပါကရေစင်အောင်ဆေးထားသော ပဲပင်ပေါက်ကိုထည့်ကာအနည်းငယ်နွမ်းအောင်ကြော်ပြီး အရသာနယ်ထားသော ညှပ်ခေါက်ဆွဲ နဲ့ ရေ ဟင်းစားဇွန်တစ်ဝက်ခန့်ထည့်ပြီး မီးအေးအေးဖြင့် ခပ်ဖွဖွ မွှေကာကြော်ပါ။ ခေါက်ဆွဲတို့ အနည်းငယ်      ကြော်ပြီးပါကအရသာအပေါ့အငံမြည်းကာ ကြက်သွန်မြိတ်၊နံနံပင်နဲ့ ဓားဖြင့်လှီးထာသော ကြက်ဥကြော် တို့ထည့်ကာ နှစ်သက်ရ အချဉ်ဖြင့်တွဲဖက်စားသုံးနိုင်ပါပြီ

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T