လွယ်ကူပြီးအရသာရှိတဲ့ ခေါက်ဆွဲကြော်လေးကြော်စားကြည့်ရအောင်

//s9.kh1.co/e0/e04fd56b43f3d77ef2e6a02340614a4f18b6126d.jpg
ဗဟုသုတအဖြာဖြာ

 ၂၈-ဖေ-၂၀၂၄ ၂pm · လွန်ခဲ့သော တစ်နှစ် က

လွယ်ကူပြီးအရသာရှိတဲ့ ခေါက်ဆွဲကြော်လေးကြော်စားကြည့်ရအောင်

နေ့တိုင်းထမင်စားနေရလို့စားချင်စိတ်မရှိတဲ့အခါမျိုးတွေရှိလား? ကျွန်တော်ကတော့ တစ်ခါတစ်ရံ ထမင်းစားချင်စိတ်မရှိတဲ့အခါမျိုးတွေမှာ ထမင်းအစားခေါက်ဆွဲလေးကြော်စားဖြစ်ပါတယ်။ အဲ့ဒါကြောင့် လွယ်ကူရိုးရှင်းပြီး အရသာရှိတဲ့ခေါက်ဆွဲကြော်လေးကို ထမင်းမစားချင်တဲ့အခါပဲဖြစ်ဖြစ်၊ ထမင်းမချက်အားတဲ့အခါမှာပဲဖြစ်ဖြစ်ကြော်စားရအောင်ကြော်နည်းလေးလာပြီးဝေမျှတာပဲဖြစ်ပါတယ်။ ကြော်နည်းလေးမပြောခင်ပါဝင်ပစ္စည်းတွေကတော့-

ခေါက်ဆွဲ မိမိနှစ်သက်ရာတစ်မျိုးမျိုး

ကြက်သား၊ကြက်ဥ

ပဲပင်ပေါက်

ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ကြက်သွန်မြိတ်

ကော်မှုန့် တို့လိုအပ်ပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/db/dbbeee3c573cff10b7d8f4fde27654d350212e10.jpg

ခေါက်ဆွဲကိုရေနွေးပွက်ပွက်ဆူဖြင့်အနေတော်ပြုတ်ထားကာ ဆယ်ယူပြီးအအေးခံထားပါ။ အအေးခံထား သောခေါက်ဆွဲကို ဆား၊အရသာမှုန့်၊ပဲငံပြာရည်၊ခရုဆီအနည်းငယ်ထည့်ကာ သမအောင်နယ်ပြီး အရသာသွင်းထားပါ။ပဲပင်ပေါက်ကိုရေစင်အောင်ဆေးပြီး သန့်စင်ထားကာ ကြက်သွန်ဖြူကိုဓားဖြင့် နုတ်နုတ်စင်းပြီးကြက်သွန်နီ၊ကြက်သွန်မြိတ်တို့ကိုလည်းကိုအနေတော်လှီးထားပါ။ကြက်သားကို ရေစင်အောင်ဆေးပြီး ပါးပါလှီးကာ ဆား၊အရသာမှုန့်၊ကော်မှုန့်အနည်းငယ်၊ရှာလကာရည်၊ခရုဆီ၊ပဲငံပြာရည် ကြက်သွန်ဖြူတို့ ထည့်ကာသမအောင်နယ်ပြီးဆီအနည်းငယ်ဖြင့်ကြက်သားတို့ကျက်သည်အထိကြော်ထားပါ

https://s9.kh1.co/__image/w=650,h=342,q=100/a4/a4ce121d8143bc480eba2ee2c03cd465660e09b8.jpg

ပဲပင်ပေါက်၊ကြက်သွန်မြိတ်၊ကြက်သွန်နီ၊ကြက်သွန်ဖြူတို့ကိုလည်း ဆား၊ ပဲငံပြာရည်၊ခရုဆီအနည်းငယ်ထည့်ကာ အနည်းငယ်နွမ်းအောင်ကြော်ကာဆယ်ယူထားပါ။ဒယ်အိုးမှာဆီအနည်းငယ်ထည့်ပြီး ကြက်ဥကိုမကျက်တကျက်မွှေကြော်ကာအရသာသွင်းထားသော ခေါက်ဆွဲ၊ပဲငံပြာရည်၊ ခရုဆီ၊အရသာမှုန့်တို့ကိုအနည်းငယ်စီထပ်ထည့်ကာကြော်ပါ။ခေါက်ဆွဲတို့ကိုအနည်းငယ်ကြော်ပြီးပါက ကြော်ထားသော ကြက်သား၊ပဲပင်ပေါက်တို့ထည့်ကာမိနစ်အနည်းငယ်အထက်အောက်မွှေပေးပြီး အရသာမြည်းကာမိမိနှစ်သက်သောအနေအထားရရှိပါက သုံးဆောင်ရန်အဆင်သင့်ဖြစ်တဲ့ခေါက်ဆွဲကြော်လေးရရှိပြီပဲဖြစ်ပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/dc/dc4f6e785407cfd65b2c80849a7ec9a267c27b0a.jpg
Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T