အမေရိကန်နိုင်ငံ ၊ Kentucky ရှိ Mammoth Cave ဟာ Mammoth Caveအမျိုးသားဥယျာဉ်ရှိ ၅၂၈ စတုရန်းကီလိုမီတာကျော်ကျယ်ဝန်းသောရှေးဟောင်းဂူကြီးတစ်ဂူဖြစ်ပါတယ်။ ထိုဂူကြီးဟာ ကမ္ဘာပေါ်တွင်အရှည်ဆုံးလိုဏ်ဂူတစ်ခုဖြစ်ထင်ရှားပြီး အမျိုးသားဥယျာဉ်အတွင်းလာရောက်လည်ပတ်သူတို့အား အဓိကဆွဲဆောင်ထားတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။ ကမ္ဘာ့အရှည်ဆုံးအဖြစ်သတ်မှတ်ခံထားရတဲ့ ထိုဂူကြီးမှာ လမ်းကြောင်းပေါင်းများစွာလည်းရှိနေပါတယ်

၁၉၇၂ ခုနှစ်တွင်ဂူကြီးရဲ့အောက်ခြေရှိချိတ်ဆက်ထားသောလမ်းကြောင်းကိုထက်မံရှာဖွေတွေ့ရှိခဲ့ရာမှ ထင်ရှားလာပြီး ၂၀၂၂ ခုနှစ်အထိကောက်ယူခဲ့သောမှတ်တမ်းများအရ ဂူကြီးအတွင်းရှိ လမ်းကြောင်းမှာ ၄၂၆ မိုင်ကျော်ရှိကြောင်းသိရပါတယ်။ထိုမျှမက လေ့လာသူများကမူ ဂူကြီးရဲ့အရှည်ဟာ ချိတ်ဆက်မိသော လမ်းကြောင်းအသစ်များပေါ်မူထည်ကာ နှစ်စဉ်တိုးနေကြောင်းဆိုပါတယ်။ ဘူမိဗေဒပညာရှင်တို့ရဲ့လေ့လာတွေ့ရှိချက်များအရ ဂူကြီးဟာ Mississippian ခေတ်ကသဲကျောက်အလွှာများဖြင့် ဖုံးအုပ်ကာတည်ဆောက်ထားကြောင်းလည်းသိရပါတယ်

သဲကျောက်များတွင်ရောယှက်နေသောပါးလွှာသည့်ထုံးကျောက်အလွှာများပါရှိကာ ထိုအလွှာများဟာ မြေအောက်ရေရဲ့ သဘာဝအက်စစ်ဓာတ်ကြောင့် ပြွန်ငယ်များဖြစ်ပေါ်စေကာ အပေါ်ယံမြေလွှာရှိ စမ်းရေစီး ဆင်းမှုကိုအဓိကပံ့ပိုးနေပါတယ်။ ဘူမိဗေဒဆိုင်ရာအရေးကြီးတဲ့Mammoth Caveဟာ ဇီဝဗေဒဆိုင်ရာရာလည်း အရေးတဲ့နေရာတစ်ခုလည်းဖြစ်နေကာအမျိုးသားဥယျာဉ်အတွင်းတွင် လည်းဇီဝမျိုးစုံမျိုးကွဲများ များစွာရှိနေပါတယ်။ ထူးခြားပြီးကမ္ဘာ့အရှည်ဆုံးအဖြစ်သတ်မှတ်ခံထားရတဲ့ Mammoth Cave ဟာခရီးသွားတွေရဲ့ အထူးစိတ်ဝင်စားမှုကိုခံထားရတဲ့နေရာတစ်ခုလည်းဖြစ်နေပြန်ပါတယ်
