မိတ်မလိုက်ဘဲမျိုးပွားနိုင်တဲ့သတ္တဝါမျိုးစိတ်တစ်မျိုးကိုသင်သိပါသလား?

//s9.kh1.co/d4/d4e12538249c006454596c4a618e013707a96a30.jpg
ဗဟုသုတအဖြာဖြာ

 ၂၈-ဖေ-၂၀၂၄ ၁၁am · လွန်ခဲ့သော ၂ နှစ် က

မိတ်မလိုက်ဘဲမျိုးပွားနိုင်တဲ့သတ္တဝါမျိုးစိတ်တစ်မျိုးကိုသင်သိပါသလား?

ဇီဝမျိုးစုံမျိုးကွဲများစွာနဲ့ဖွဲ့စည်းထားတဲ့ဒီကမ္ဘာလောကကြီးမှာ အချို့သောမျိုးစိတ်များမှာတော ထူးခြားတဲ့ လက္ခဏာတွေရှိနေပြီးထိုအထဲမှာကြယ်ငါးဟာလည်းအပါအဝင်ဖြစ်နေပါတယ်။ ကြယ်ငါးတွေဟာ အခြားသောသတ္တဝါမျိုးစိတ်များနဲ့မတူဘဲ မိတ်မလိုက်ဘဲမျိုးပွားနိုင်ခြင်းစနစ်ကိုပိုင်ဆိုင်ထားကြပါတယ်။ သို့သော်လည်း Star Fish တွေမှာမိတ်လိုက်ခြင်းဖြစ်စဉ်လုံးဝမရှိတာတော့မဟုတ်ပါဘူး

https://s9.kh1.co/__image/w=650,h=342,q=100/92/921cf7a20e0b5166a08ea957a2886d80e1c25107.jpg

ရေနေကျောရိုးမဲ့သတ္တဝါမျိုးစိတ်တစ်မျိုဖြစ်တဲ့ Star Fish တွေဟာမျိုးစိတ်ပေါင်း ၁၉၀၀ ခန့်ရှိပြီး ပူနွေးသော အပူပိုင်းဇုန်များမှ အအေးပိုင်းဇုန်များအထိတွေရကာကမ္ဘာ့သမုဒ္ဒရာအားလုံးမှာနေထိုင်ကြပါတယ်။ ပင်လယ်ရေ မျက်နှာပြင်အောက် ပေ၂၀,၀၀၀ခန့်ရှိအလွန်နက်ရှိုင်းတဲ့နေရာတွေမှာနေထိုင်ကြကာ ၎င်းတို့ရဲ့ဘဝစက်ဝန်းတစ်လျောက်လုံးမှာ လိင်နှစ်မျိုးလုံးဟာကိုယ်ပိုင်မျိုးပွားနည်းဖြစ်စဉ်ကိုပိုင်ဆိုင်ထားကြပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/d1/d161ccb2678bc3b75d1343019be741094cf08108.jpg

အချို့သောကြယ်ငါးများ ရဲ့မျိုးပွားမှုများတွင် အမများမှသန်းပေါင်းများစွာသော ဥများကိုရေတွင်လွတ်ထုတ် ပြီး အထီသည်လည်း သုတ်ပိုးများကိုရေမှာလွတ်ထုတ်ခဲ့ပါတယ်။ထိုကြယ်ငါးအထီး နဲ့ အမတို့ လွတ်ထုတ်ခဲ့သောမျိုးဥများဟာ ရေမှာတွေ့ဆုံကြပြီးကိုယ်တိုင်သန္ဓေအောင်ခြင်းဖြင့်လိင်ပိုင်းဆိုင်ရာမျိုး ပွားကြကြောင်းလေ့လာသူတို့ဆိုပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/06/062857c62d7c709e5b0170ae8f72418f2b6b30e1.jpg

အချို့သောမျိုးစိတ်များမှာတော့ ၎င်းတို့ရဲ့ခန္ဓာကိုယ်မှ အတက်အလက်များသော်လည်ကောင်း၊ ခန္ဓာကိုယ်ချပ်ပြားကြီး၏ အလယ်မှသော်လည်ကောင်းကွဲထွက်သွားကာ ကွဲသွားသောအစိတ်အပိုင်းအသစ်မှ တစ်ဖန်အကောင်သစ်ဖြစ်ပေါ်ကြောင်းသိရပါတယ်။ အဆိုပါလိင်မဲ့မျိုးပွားခြင်းဖြစ်စဉ်ဖြင့် အထီးများပင်ကိုယ်ပိုင်မျိုးပွားတတ်ကြပြီး ခန္ဓာကိုယ်မှ ခွဲထွက်ကာပြတ်စီးသွားသောခန္ဓာကိုယ်အစိတ်အပိုင်းအစား အစိတ်အပိုင်းအသစ်တစ်ခုလည်းသဘာဝအတိုင်းပြန်လည်ဖြစ်ပေါ်နိုင်စွမ်းရှိကြပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/c5/c58d3385ce6735e923d035ce791911c1ac0f136c.jpg
Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T