ဖက်ထုပ်ကိုဖက်ရွက်လေးနဲ့လုပ်မစားဘဲ မုန့်ညှင်းဖြူလေးနဲ့အရသာရှိရှိလုပ်စားဖူးလား? အသီးအရွက်မှာပါတဲ့ဗီတာမင်အပြည့်ရသလို့ အရသာရှိပြီးကျန်မာရေးနဲ့ညီညွတ်တဲ့ဖက်ထုပ်လေးကို ကျွန်တော့်လိုပဲအခြားသူတွေလဲလုပ်စားခြင်ကြမယ်ထင်ပါတယ်။ အဲ့ဒါကြောင့်ဒီတစ်ခါတော့လွယ်လယ်ကူကူနဲ့ လုပ်စားလို့ရတဲ့ မုန့်ညှင်းဖြူအသားဖက်ထုပ်လုပ်နည်းလေးလာပြောပြပေးတာပဲဖြစ်ပါတယ်
ပါဝင်ပစ္စည်းတွေကတော့-
နုတ်နုတ်စင်းထားသော အသား
မုန့်ညှင်းဖြူ၊ ဥနီ
ကြက်ဥ
ကြက်သွန်ဖြူ၊ကြက်သွန်မြိတ်
ငရုပ်သီး၊ပြောင်းကော်မှုန့် တို့လိုအပ်ပါတယ်

အိုးတစ်လုံတွင်ရေထည့်ကာ ဆားအနည်းငယ်ခတ်ပြီးရေနွေးဆူအောင်တည်ပါ။ရေနွေးဆူပါက မု့န်ညှင်းဖြူထုပ် အရင်းပိုင်းဖြတ်ကာ အရွက်များကို ရေနွေးဆူဆူတွင် ၃ မိနစ်ခန့်ပြုတ်ပြီး ရေအေးတွင်မိနစ်အနည်းငယ်စိမ်ကာ ဆယ်ယူထားပါ။ ဥနီကို ရေစင်အောင်ဆေးကာ ဓားဖြင့်နုတ်နုတ်လှီးထားပါ။ကြက်သွန်ဖြူ၊ငရုပ်သီးတို့ကိုလည်း ရေစင်အောင်ဆေးကာ နုတ်နုတ်စင်းထားပါ။ကြက်သွန်မြိတ်ကိုလည်းရေစင်အောင်ဆေးကာ ကတ်ကြေးဖြင့်နုတ်နုတ်ညှက်ထားပါ

အိုးတစ်လုံးတွင်ရေထည့်ကာရေနွေးဆူအောင်အပူပေးထားပါ။နုတ်နုတ်စင်းထားသောအသားကို ဆား၊အရသာမှုန့်၊ခရုဆီ၊ပဲငံပြာရည်၊ ဥနီ၊ကြက်သွန်ဖြူ၊ ပြောင်းကော်မှုန့် အနည်းငယ်၊ငရုပ်ကောင်းအနည်းငယ်၊ ကြက်ဥတစ်လုံးတို့ကိုထည့်ကာ နှံ့စပ်အောင်နယ်ထားပါ။နယ်ထားသောအသားတို့ကို မုန့်ညှင်းဖြူရွက်များထဲသို့ထည့်ကာ စနစ်တကျလိပ်ကာ ပေါင်းကန်ထဲတွင်ထည့်ပြီးရေနွေးအိုးတွင်တင်ကာပေါင်းပါ။ ပေါင်းထားသောမုန့်ညှင်းဖြူအသားဖက်ထုပ်တို့နူးပါကဆယ်ယူကာအအေးခံထားပြီး ကြက်သွန်မြိတ်ဖြူးကာမိမိနှစ်သက်ရာဆော့စ်ဖြင့်ဖြစ်စေ၊အနှစ်တစ်မျိုးမျိုးဖြင့်ဖြစ်စေတွဲဖက်ပြီးသုံးဆောင်နိုင်ပါပြီ
