အမဲရောင်သဲများကိုပိုင်ဆိုင်ထားသော အီဂျစ်မှကန္တာရကြီး

//s9.kh1.co/13/13441cf1f7e64571ffde8cdf0fb6815b04961135.jpg
ဗဟုသုတအဖြာဖြာ

 ၂၁-ဖေ-၂၀၂၄ ၃pm · လွန်ခဲ့သော ၅ လ က

အမဲရောင်သဲများကိုပိုင်ဆိုင်ထားသော အီဂျစ်မှကန္တာရကြီး

အီဂျစ်အနောက်ဘက် ၃၀ ကီလိုမီတာအကွာမှာရှိတဲ့ Black Desert ကျယ်ပြန့်သောတောင်ကုန်းများတည်ရှိရာနေရာတစ်ခုပဲဖြစ်ပါတယ်။ ထိုနေရာဟာထူးခြားတဲ့သဲကန္တာရဒေသတစ်ခုဖြစ်ပြီး ၎င်းဒေသရှိသဲများမှာ အခြားသောကန္တာရမှ သဲများနဲ့မတူတဲ့အသွင်ကြောင့်ထင်ရှားလာခဲ့ရပါတယ်။ Black Desertဟူသောအမည်ဟာ၎င်းဒေသရှိတောင်များ၊ကုန်းမြင့်များနဲ့ သဲများကြောင့်ရရှိခဲ့ပြီး ဆန်းပြားသောမဟူရာရှုခင်းကြီးတစ်ခုဆိုလည်းမှားပါဘူး

https://s9.kh1.co/__image/w=650,h=342,q=100/83/83c7e6a16a3c4489bcc70715a32ac37087606821.jpg

Black Desert ရှိအချို့သောတောင်တန်းများနဲ့ကုန်းမြင့်များကို ဘေ့စ်ရွှံ့များဖြင့်ဖုံးအုပ်ထားပြီး မီးတောင်ပုံ သဏ္ဍာန်ရှိသောအနက်ရောင်တောင်ကုန်းများအဖြစ်ပေါ်လွင်လာစေခဲ့ပါတယ်။ ထိုတောင်တန်းများဟာ အများအားဖြင့် ၃၂၈ ပေကျော်မြင့်မားကာ အရွယ်အစား၊အမြင့် ဖွဲ့စည့်ပုံ ပုံသဏ္ဍာန်တို့ကွာခြားကြပါတယ်။ အချို့သောတောင်တန်းများဟာ iron ပါဝင်မှုမြင့်မားသောသလင်းကျောက်များနဲ့ မဲနက်ပြောင်လက်နေပြီး အချို့မှာတော့ ironမြင့်မားသောသဲကျောက်များဖြင့် နီရဲနေပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/76/7624ff3beb55bdbb266c4a0ef065d71fabdf94da.jpg

ပညာရှင်များရဲ့ပြောကြားချက်များအရ အဆိုပါအမဲရောင် တောင်တန်းများနဲ့သဲသောင်ဟာလွန်ခဲ့သော    နှစ်သန်းပေါင်း ၁၈၀ ခန့်၊ Jurassic ကာလအတွင်းဖြစ်ပေါ်ခဲ့သောမီးတောင်ပေါက်ကွဲမှုဖြစ်စဉ်များကြောင့် ဖြစ်ကြောင်းသုံးသပ်ထားပါတယ်။ သုတေသီများကမူ အဆိုပါ Black Desert မှာကျောက်ဖြစ်ရုပ်ကြွင်းများ၊ အပင်ရုပ်ကြွင်းများတွေ့ရှိခဲ့ရကြောင်းမှတ်တမ်းတင်ထားပြီး တစ်ချိန်ကအပင်မျာစွာ ရှင်သန်းရာနေရာဖြစ်နိုင်ကြောင်းဆိုထားကြပါတယ်။ ထို့အပြင် ၎င်းကန္တာရဒေသအတွင်းတွင် ကြီးမားသောဒိုင်နိုဆောအရိုးစုကိုရှာဖွေတွေ့ရှိခဲ့သည့်နောက်ပိုင်းမှစကာ သဘာဝဘေးမဲ့တောအဖြစ်သတ်မှတ်ခဲ့ကြကြောင်းလည်းသိရပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/04/04b24e999a163cd90865f323015a1d59dcdb8a29.jpg
Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T