မြန်မာတူရိယာ လင်းကွင်း (သို့) ခွက်ကွင်း

//s9.kh1.co/a4/a4015db213cbaf8442da7f21fb29cccd9842a67f.jpg
ဗဟုသုတအဖြာဖြာ

 ၂၁-ဖေ-၂၀၂၄ ၂pm · လွန်ခဲ့သော ၅ လ က

မြန်မာတူရိယာ လင်းကွင်း (သို့) ခွက်ကွင်း

ပုဂံခေတ်တီးဝိုင်းများတွင် အစောဆုံးတွေ့ခဲ့ရပြီး နှစ်ပေါင်း ၁၅၀၀ လောက်ထဲက အိန္ဒိယ သမိုင်းတွင် လင်းကွင်း အသုံးပြုခဲ့ပုံကို ဖော်ပြထားသည်။ ကြေးဖြင့် ပြုလုပ်ထားသော တူရိယာဖြစ်ပြီး ခွက်ခွက်ခွင်းခွင်း ပုံစံထုလုပ်ကာ ဘေးနှုတ်ခမ်းသတ်များပါသည်။ 

https://s9.kh1.co/__image/w=650,h=447,q=100/04/047b53b34bdc8d24e29a9776cb39cdb254d1ccff.webp

အရွယ်၊ အစား၊ အထူ၊ အပါး မျိုးစုံရှိပြီး တီးခတ်သည့်အခါ လင်းကွင်းတစ်စုံကို ဘယ်ညာ ကိုင်ကာတီးခတ်ရခြင်းဖြစ်သည်။ လင်းကွင်း၏ အရေးပါပုံကို  လင်းကွင်းမပါ၊ တူရိယာ၊ ဟာလာဟင်းလင်း၊ အတီးဖျင်း ဟုရေးသားဖွဲ့နွဲ့ကြသည်။ 

https://s9.kh1.co/__image/w=650,h=552,q=100/6f/6f31d05e11ff6088cfde096966c3e2c199a44e1c.jpg

ဇာတ်ပွဲ၊ ရုပ်သေးပြပွဲများတွင် လင်းကွင်း၏ ခွက်ခွင်းဟူသော အသံပါမှသာ ပြီးပြည့်စုံသည်ဟု ခံစားရသည်ထိ အရေးပါလှပြီး သူ့နေရာနှင့်သူ ဆီလျော်စွာ အသုံးချရသော တူရိယာဖြစ်သည်။ အမျိုးသားများသည် လင်းကွင်းကို တူရိယာအဖြစ်သာမက လှေလှော်ပြိုင်ပွဲ၊ မြင်းပြိုင်ပွဲများတွင် အားမာန်တက်စေရန် လှုံ့ဆော်သည့် သဘောဆောင်ကျဉ်းစေရန် လင်းကွင်းသံပေး၍ ယှဉ်ပြိုင်ကြသည်။ လင်းကွင်းသည် ကမ္ဘာတစ်လွှားရှိနိုင်ငံများတွင် သူ့နည်းသူ့ဟန် အမျိုးစုံ အသုံးပြုကြ‌သော တူရိယာပစ္စည်းတစ်မျိုးပင် ဖြစ်ပါတော့သည်။ 

Heather
Ei Me Me Lwin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T