ကမ္ဘာ့အရှားပါးဆုံးပန်းစာရင်းဝင် Juliet Roseဟာ သဘာဝအတိုင်းစတင်ရှင်သန်ခဲ့တဲ့ အပင်မျိုးစိတ်လား?

//s9.kh1.co/d3/d3f5934aee452198ff156129cf3383110b36ee70.jpg
ဗဟုသုတအဖြာဖြာ

 ၂၁-ဖေ-၂၀၂၄ ၁pm · လွန်ခဲ့သော ၅ လ က

ကမ္ဘာ့အရှားပါးဆုံးပန်းစာရင်းဝင် Juliet Roseဟာ သဘာဝအတိုင်းစတင်ရှင်သန်ခဲ့တဲ့ အပင်မျိုးစိတ်လား?

Juliet Rose လို့အမည်ရတဲ့ မင်္ဂလာနှင်းဆီဟာ လှပတဲ့အသွင်နဲ့ဆန်းပြားသောပန်းမျိုးစိတ်တစ်မျိုးပဲဖြစ်ပါတယ်။ Juliet Roseများဟာ၎င်းတို့ရဲ့ အရွယ်အစား၊အံ့မခန်းပုံစံများကြောင့်ဇိမ်ခံပန်းများအဖြစ်ထင်ရှားကာ အနောက်နိုင်ငံများရဲ့မင်္ဂလာပွဲများမှာ သတို့သမီးပန်းစည်းအဖြစ်အသုံးပြုကြတဲ့အထိအရေးပါတဲ့ပန်းတစ်မျိုးပင်ဖြစ်ပါတယ်။ ရှားပါးတဲ့ပန်းမျိုးစိတ်များတစ်ခုဖြစ်ကြတဲ့ Juliet Roseတွေဟာ သဘာဝအတိုင်းပေါက်ရောက် ရှင်သန်လာခဲ့တဲ့ပန်းမျိုးစိတ်တစ်ခုတော့မဟုတ်ပါဘူး

https://s9.kh1.co/__image/w=650,h=342,q=100/77/770aa65124ba153ab49c4f32975934623e02b70f.jpg

ကမ္ဘာ့အရှားပါးဆုံးပန်မျိုးစိတ်တစ်မျိုးဖြစ်တဲ့ Juliet Rose တွေဟာကမ္ဘာ့ဈေးအကြီးဆုံးပန်းမျိုးစိတ်တစ်ခုအဖြစ်လည်းကျော်ကြားပါတယ်။ပန်းရဲ့အရောင်အသွေးဟာ မက်မွန်သီးနဲ့ဆင်တူပြီး အနံအသက်ဟာလည်းချိုမြတဲ့ အနံ့ကိုပိုင်ဆိုင်ထားပါတယ်။ဒီလှပတဲ့နှင်းဆီပင်မျိုးစိတ်လေးများကိုတော့ သဘာဝအတိုင်းပေါက်ရောက်ပွင့်လန်းစေခဲ့ခြင်းမဟုတ်ဘဲ ၁၉၇၈ ခုနှစ်မှာ အင်္ဂလန်နိုင်ငံမှ နှင်းဆီစိုက်ပျိုးသူDavid Austen မှတီထွင်ခဲ့တဲ့ပန်းမျိုးစိတ်တစ်ခုပဲဖြစ်ပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/77/777addc82cdb816088cfe8eea78a7e985bdb3de7.jpg

အဆိုပါ Juliet Rose ကိုစမ်းသပ်စိုက်ပျိုးရန်အတွင် David Austen ဟာ ၁၅ နှစ်ခန့်အချိန်ယူကာ စမ်းသပ်စိုက်ပျိုးခဲ့ရပြီး ဒေါ်လာ ၄.၃ သန်းကုန်ကျခဲ့ကြောင်းသိရပါတယ်။ထိုကဲ့သို့သဘာဝအတိုင်းပေါက်ရောက်ခဲ့ခြင်းမဟုတ်သည့်အတွက် လှပတဲ့Juliet နှင်းဆီလေးများဟာ ကမ္ဘာ့အရှားပါးဆုံးနှင်းဆီမျိုးစိတ်တစ်ခုဖြစ်လာခဲ့ရပါတယ်။ အမျိုးသမီးအားလုံးနီးပါး၏နှလုံးသားကိုသိမ်းပိုက်ထားတဲ့ Juliet Rose ဟာ ၂၀၀၆ ခုနှစ်တွင် လန်ဒန်မှာကျင့်ပခဲ့တဲ့ Chelsea Flower Show မှာပွဲဦးထွက်ပြသခဲ့ပြီးလူသိများထင်ရှားလာပြီးကျော်ကြားလာခဲ့ပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/9f/9fe58eeebd5d31b2dc88f97c2479309db30ab803.jpg
Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T