Lovely Island Hibiscusဟာစိုစွတ်ပြီးတောတောင်ထူးထပ်တဲ့ နေရာအချို့တွင်သာတွေ့ရသော ရှားပါးပန်း မျိုးစိတ်တစ်မျိုးပဲဖြစ်ပါတယ်။ Hawaiian ကျွန်းရဲ့ Molokaʻi ကျွန်းစုများမှာသာတွေ့ရှိရပြီး ၎င်းပန်းလေးများရဲ့ မူရင်းဇာတိမှာကျွန်းရဲ့အနောက်ပိုင်းမြေနိမ့်ပိုင်းဒေသရှိသစ်တောများဖြစ်ကြောင်း အပင်လေ့လာသူတို့ခန့်မှန်းထားပါတယ်။ Koki’o ဟူသောအမည်ဖြင့်ပါထင်ရှားပြီး ၎င်းရဲ့လှပမွှေးပျံ့သောပန်းပွင့်များကာလူတွေရဲ့အထူးအာရုံစိုက်မှုကိုလည်းရရှိထားပါတယ်

၁၉၆၀ ခုနှစ်မှာ ဟာဝိုင်အီကျွန်းစုရဲ့အနောက်ဘက်မှာရှာဖွေတွေ့ရှိခဲ့ပြီးထိုတွေ့ရှိချိန်မှာပင်အပင် ၃ ပင်ခန့်သာ တွေ့ရှိခဲ့ရကြောင်းလည်းရှာဖွေတွေ့ရှိခဲ့သူတို့ပြုစုခဲ့သောမှတ်တမ်းများအရသိရပါတယ်။၁၉၀၀ပြည့်ပြီးနှစ်များမှာတောရိုင်းအတွင်းမှ Koki’o တစ်ပင်ကိုထပ်မံရှာဖွေတွေ့ရှိခဲ့ပြီး ၎င်းအပင်မှ မျိုးစေ့များထုတ်ယူကာအပင်မျိုးစိတ်သစ်စိုက်ပျိုးရန်ကြိုးပမ်းခဲ့ပေမဲ့အောင်မြင်မှုများတော့မရှိခဲ့ဘဲ ရာစုနှစ်တစ်ခုအကြာမှာ ထိုအပင်ဟာလည်းသေဆုံးသွားကြောင်းအပင်စောင့်ကြည့်လေ့လာသူတို့ဆိုပါတယ်

လက်ရှိအချိန်မှာ ဟာဝိုင်အီကျွန်းတစ်လျောက်မှာစိုက်ပျိုးထားသောအပင်ပေါင်း ၂၃ ပင်ခန့်သာကျန်ရှိကာ ထို အပင်များဟာတောရိုင်းများမှာမျိုးသုဉ်းသွားပြီးဖြစ်ပါတယ်။ရှာဖွေရန်အလွန်ခက်ခဲပြီးကမ္ဘာ့အရှားပါးဆုံးပန်းမျိုးစိတ်များ အဖြစ်စာရင်းသွင်းခံထားရတဲ့ Koki’oဟာ မျိုးသုဉ်းပျောက်ကွယ်လုနီးပါး အပင်မျိုးစိတ် တစ်ခုလည်းဖြစ်ပါတယ်။ ရုက္ခဗေဒပညာရှင်တို့ရဲ့ပြောကြားချက်များအရ Koki’oမျိုးစိတ်များဟာ၎င်းတို့အမှီပြုပေါက်ရောက်သော သစ်တောများပြုန်းတီးခြင်းမှ ဝတ်မှုန်ကူးပေးသည့်အင်းဆက်များလျော့နည်းသွားခြင်းဟာ မျိုးစေ့များထုတ်လုပ်နိုင်မှုကျဆင်းသွားပြီး အပင်အသစ်များပြန်ပွားမှု များစွာလျော့ကျခဲ့ကြောင်းသိရပါတယ်






