Dead Sea မှာဘာကြောင့် ရေကူးစရာမလိုဘဲရေပေါ် ပေါ်နေနိုင်တာလဲ?

//s9.kh1.co/36/3696275e6ad43beb1a4f6387c8173f9c0c8fc0db.jpg
ဗဟုသုတအဖြာဖြာ

 ၁၉-ဖေ-၂၀၂၄ ၂pm · လွန်ခဲ့သော ၅ လ က

Dead Sea မှာဘာကြောင့် ရေကူးစရာမလိုဘဲရေပေါ် ပေါ်နေနိုင်တာလဲ?

Dead Sea ခေါ်သောဆားငန်အိုင်ဟာအစ္စရေးနိုင်ငံနဲ့အရှေ့ဘက်ကမ်းစပ်မှာရှိတဲ့ ကုန်းတွင်းပိတ်ဆားငန်အိုင် တစ်ခုဖြစ်ပါတယ်။ အခြားသောအမည်မျိုးစုံနဲ့ထင်ရှားတဲ့ရေကန်တစ်ခုဖြစ်ကာသမုဒ္ဒရာရေထက် ၁၀ ဆခန့် ပိုမိုငန်သောရေကိုပိုင်ဆိုင်ထားပါတယ်။ Jordan Rift တောင်ကြားရှိနေရာတစ်ခုဖြစ်ပြီး ရေကန်ရဲ့ရေမျက်နှာပြင်ဟာလည်းပင်လယ်ရေမျက်နှာပြင်အောက် ၄၃၀ မီတာခန့်မှာရှိကာ ကမ္ဘာပေါ်ရှိအနိမ့်ဆုံးကုန်းမြေများမှတစ်ခုလည်းဖြစ်ပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/e9/e948fab096956756da16abc6030f95ad8b104de8.jpg

ရေကန်ကြီးရဲ့အနက်မှာပေပေါင်း ၉၉၇ ပေအနက်ရှိကာဆားငန်ဓာတ်မှာ သမုဒ္ဒရာများထက် ၁၀ ဆခန့် ငန်နေပြီး ကမ္ဘာ့အငန်ဆုံးရေများမှတစ်ခုလည်းဖြစ်ပါတယ်။ထူးခြာစွာအလွန်ပြင်းထန်သောဆားငန်ဓာတ်ကြောင့်ရေတစ်လီတာတွင်တစ်ကီလိုကျော်ခန့် သိပ်သည်းဆမြင့်မားပြီး ရေမကူးတတ်သူများပင်အန္တရာယ်မရှိဘဲရေပေါ်အလွယ်တူပေါ်နေနိုင်ပါတယ်။အလွန်ပြင်းထန်သောဆားငန်ဓာတ်ကြောင့် အပင် နဲ့ တိရစ္ဆာန်များရှင်သန်ရန်မဖြစ်နိုင်သည့်အပြင် ကြမ်းတမ်းသောပတ်ဝန်းကျင်ကိုလည်းပိုင်ဆိုင်ထားကြပါတယ်။ထူးခြားသော Dead Sea ရဲ့ရေမှာဆားငန်ဓာတ်များအပြင်အခြားသော သတ္တုဓာတ်များလည်းပါဝင်နေကြောင်းလေ့လာသူတို့ဆိုပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/1a/1aa9530ea3539b684feeb87df62ae88b4bdbaf18.jpg

ပင်လယ်သေရဲ့သတ္တုဓာတ်ပါဝင်မှုမှာသမုဒ္ဒရာရေနှင့်ကွဲပြားမှုများရှိနေပြီး ရာသီ၊အနက် နဲ့ အပူချိန်တို့ပေါ်မူတည်ကာကွဲပြားမှုများရှိကြောင်းလည်းသိရပါတယ်။မြေထဲပင်လယ်တစ်ဝိုက်မှာဧည့်သည်များအနှစ်သက်ဆုံးနေရာများထဲမှတစ်ခုဖြစ်တဲ့ Dead Seaဟာ ကမ္ဘာ့ပထမဆုံးကျန်းမာရေးအပန်းဖြေနေရာများမှတစ်ခုအဖြစ်လည်းခရီးသွားများစွာအကြားထင်ရှားပါတယ်။ထူးခြားတဲ့ဒီဆားငန်အိုင်ဟာကျန်းမာရေအတွက်အထောက်အကူပေးရုံမျှမက အီဂျစ်မမ်မီပြုလုပ်ခြင်းမှသည် မြေဩဇာအတွက်ပိုတက်ဆီယမ်ထုတ်ကုန်များထုတ်လုပ်ရာအထိများစွာအသုံးဝင်နေကြောင်းလည်းသိရပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/ed/edfa36533ca98c39f4aa851c1eda8b3b3850a496.jpg
Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T