ရွှံ့နှင့်ပြုလုပ်ထားသော အိုးခွက်အသေးလေးများကို မြန်မာအခေါ်အဝေါ်အရ အိုးပုတ်ဟုခေါ်ဆိုကြသည်။ မြန်မာကလေးများ၏ စွဲမက်စရာ ၊ ပျော်ရွှင်ကြည်နူးစရာ ရိုးရာ ကစားနည်းထဲတွင် အိုးပုတ်ကစားနည်းလည်းပါဝင်၏။ အဆိုပါ အိုးပုတ်နှင့် ပက်သက်၍ အရွယ်ရောက်ကြီးပြင်းသည့်တိုင် ငယ်ဘဝကို အမှတ်ရအလွမ်းပြေစေရန် အိုးပုတ်ပွဲတော်ကို နှစ်စဉ်ကျင်းပလေ့ရှိကြသည်။

တောင်ပြုံးပွဲတော်မတိုင်ခင် ကျင်းပလေ့ရှိပြီး အဆိုပါပွဲတော်သို့ ရပ်နီးရပ်ဝေးမှ လာရောက်ဆင်နွှဲကြသည်။ အရောင်အသွေးစုံလင်သော ချစ်စရာအိုးပုတ်လေးများကို အပြိုင်အဆိုင်၊ အစီအရီရောင်းကြချပြီး ပွဲသို့လာရောက်သော အမျိုးသမီးများဉီး ဉီးခေါင်းထက်တွင် ကျောက်ခတ်ပန်းများ ပန်ဆင်ထားကြသည်မှာလည်း ချစ်စရာ ရိုးရာဓလေ့ပင်ဖြစ်သည်။

နှစ်စဉ် ဝါခေါင်လဆန်း ရှစ်ရက်နေ့ရောက်တိုင်း မန္တလေးတိုင်း ချမ်းမြသာစည်မြို့တွင် ကျင်းပသော အဆိုပါအိုးပုတ်ပွဲတော်တွင် အိုးပုတ်လေးများသာမက အခြားသော လူသုံးကုန်ပစ္စည်းများစွာကိုလည်း ရရှိနိုင်ပါသေးသည်။