ပျူခေတ်မှ စတင်ခဲ့သောအားကစား တစ်ခုဖြစ်ပြီး ထူးခြားချက်မှာ တစ်ဖက်နှင့်တစ်ဖက် ယှဉ်ပြိုင်ရသည်မဟုတ်ပဲ အဆိုပါ ခြင်းလုံး မြေပြင်ပေါ်မကျအောင် အလှည့်ကျ ဝိုင်းဝန်းခတ်ရခြင်းဖြစ်သည်။ လုံးဝန်းသောပုံစံရှိပြီး ကြိမ်နှင့်ရက်လုပ်ထားသော ဘောလုံးပုံစံဖြစ်သည်။ ခြေဖဝါး၊ ခြေခွင်၊ ဒူး၊ ဖနောင့်၊ ဖဝါးတို့ဖြင့် ပုံစံမျိုးစုံ ကစားကြသည်။
ခြင်းလုံးအလှခတ် တစ်ဉီးချင်းပြိုင်ပွဲများလည်း ကျင်းပပြုလုပ်ကြပြီး မြန်မာနိုင်ငံသားများသာမက နိုင်ငံခြားသားများကပါ အထူးနှစ်ခြိုက် သဘောကျကြသည်။ ခြင်းလုံးအားကစားနည်းသည် သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမှုရှိကာ တစ်ဉီးနှင့်တစ်ဉီး စည်းလုံးညီညွတ်မှသာ အောင်မြင်မှုရနိုင်သည့် အားကစားတစ်မျိုးဖြစ်သည်။
၁၉၅၀ ၊ ၁၉၆၀ ပြည့်နှစ်များတွင် မြန်မာနိုင်ငံအားကစားအသင်းမှ ခြင်းလုံးအားကစားကို မြှင့်တင်ပေးခဲ့၍ အနောက်နိုင်ငံများသို့သွားရောက် လှည့်လည်ပြသခွင့်ရခဲ့သည်။ ကျား၊ မ ၊ ကြီး၊ ငယ် ၊ အသက်အရွယ်၊ လူတန်းစားမရွေး ကစားနိုင်ပြီး ခြင်းလုံးအားကစားသည် လူသားတိုင်းအတွက် သင့်လျော်သော အားကစားဖြစ်၏။ ထိုသို့ အဖိုးတန်သော အမွေအနှစ်ရိုးရာအားကစားကို ဒီကနေ့ထိတိုင် လက်ဆင့်ကမ်းမျှဝေလာသော မြန်မာနိုင်ငံသားတိုင်းအတွက် ဂုဏ်ယူစရာတစ်ခုပင် ဖြစ်ပါတော့သည်။