ပြဿနာတွေဖြစ်နေတဲ့ တောင်ကိုးရီးယားနိုင်ငံလက်ရွေးစင်ဘောလုံးအသင်း

//s9.kh1.co/85/85299836011a3e34746c1ddce51be5943c599709.jpg
MPT Korea Celebrity

 ၁၅-ဖေ-၂၀၂၄ ၁၀am · လွန်ခဲ့သော ၄ လ က

ပြဿနာတွေဖြစ်နေတဲ့ တောင်ကိုးရီးယားနိုင်ငံ့ဘောလုံးအသင်း

တောင်ကိုးရီးယားနိုင်ငံရဲ့ လက်ရွေးစင်ဘောလုံးအသင်းဟာ မကြာသေးခင်က ဂျော်ဒန်နိုင်ငံကို နှင့်ရှုံးနိမ့်ခဲ့ပါတယ်။ ဒီပွဲစဥ်အတွင်းမှာ အသင်းရဲ့ခေါင်းဆောင်ဖြစ်တဲ့ ဆွန်ဟောင်မင်ဟာ လက်ချောင်းတွေဒဏ်ရာရထားပုံပေါ်တာကြောင့် ပရိတ်သတ်တွေကစိုးရိမ်နေခဲ့ကြတာပါ။ 

https://s9.kh1.co/__image/w=564,h=700,q=100/04/0491d501b571a82011356d3ceed8a8d1bd376bf0.png

ဆွန်ဟာ ထိပ်တန်းပရီးမီးယားလိဂ်အသင်းဖြစ်တဲ့ စပါးမှာကပ္ပတိန်အနေနှင့်ကစားနေတဲ့သူဖြစ်သလို တောင်ကိုးရီးယားတစ်နိုင်ငံလုံးရဲ့ချစ်ခင်မှုကိုရနေတဲ့သူပါ။ အသင်းညစာစားပွဲတစ်ခုမှာ တောင်ကိုးရီးယားရဲ့နောက်ထပ်နာမည်ကြီးကစားသမားဖြစ်တဲ့ လီဂါအင်ဟာသူ့အဖော်တွေနှင့်အတူ ဆွန်ဟောင်မင်ကို ဆန့်ကျင်ခဲ့တယ်လို့သတင်းတွေထွက်လာခဲ့ပါတယ်။

https://s9.kh1.co/__image/w=533,h=533,q=100/a2/a2db664fcc52317b2ccd214a809b40b571019dd9.jpg

အသင်းညစာစားပွဲမှာ လီဂါအင်ဟာ အဖော်ဖြစ်သူတွေနှင့်အတူ ထွက်သွားချင်တာကြောင့် ခေါင်းဆောင်ဖြစ်တဲ့ဆွန်က တားရာကနေရန်ပွဲဖြစ်သွားပြီး ဆွန်ရဲ့လက်ဒဏ်ရာရခဲ့တာဖြစ်တယ်လို့ သတင်းမှာဖော်ပြထားပါတယ်။ နောက်ပိုင်းမှာ လီဂါအင်က သူ့ရဲ့ဆိုရှယ်မီဒီယာကနေ ပြည်သူတွေကိုတောင်းပန်တဲ့ပို့စ်တင်ထားခဲ့ပေမဲ့ လက်ရှိအချိန်ထိ တောင်ကိုးရီးယားအသင်းနှင့် ခေါင်းဆောင်ဖြစ်သူ ဆွန်ဟောင်မင်တို့ဖက်ကနေတော့ ဘာမှတုံ့ပြန်ထားခြင်းမရှိသေးပါဘူး။ 

https://s9.kh1.co/__image/w=564,h=564,q=100/94/945a1badb45a8b84653d4b1f5ec7ff01ebe63eca.jpg
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T