အမိုက်စား Concept Photo တွေချပြလာခဲ့တဲ့ Lisa

//s9.kh1.co/14/149d7d21538dfba250a4d532b5e6e556c53b2e78.jpg
MPT Korea Celebrity

 ၂၄-ဇွန်-၂၀၂၄ ၈am · လွန်ခဲ့သော ၆ ရက် က

အမိုက်စား Concept Photo တွေချပြလာခဲ့တဲ့ Lisa

Lisa ဟာမကြာခင်မှာသူ့ရဲ့ကိုယ်ပိုင်ကုမ္မဏီကနေပြီးပထမဆုံးလှုပ်ရှားမှုအဖြစ် အယ်လ်ဘမ်အသစ်ထုတ်ဝေဖို့လုပ်ဆောင်နေတာဖြစ်ပါတယ်။ YG ကနေခွဲထွက်ပြီးနောက်ပိုင်းမှာ ဂီတနှင့်ပတ်သက်တဲ့အလုပ်တွေကို လုပ်ဆောင်နေပြီးတစ်ကိုယ်တော်အယ်လ်ဘမ်ထွက်နိုင်ဖို့ စိုင်းပြင်းနေတဲ့သူမဟာ ပထမဆုံးအနေနှင့် Album ရဲ့ Concept Photo တွေကိုချပြလာခဲ့ပါတယ်။ 

https://s9.kh1.co/__image/w=650,h=649,q=100/36/3636fc04ae4661954720b142bb809d270b99df49.webp

Rockstar လို့အမည်ရတဲ့ ဒီအယ်လ်ဘမ်မှာ လီဆာဟာအရင်ကတွေ့ဖူးနေကျပုံစံတွေနှင့်ကွဲထွက်နေတဲ့ပုံရိပ်တွေကိုချပြလာခဲ့တာဖြစ်ပါတယ်။ သူကိုယ်တိုင်ပထမဆုံးစီမံတဲ့အယ်လ်ဘမ်ဖြစ်တာကြောင့် ပရိတ်သတ်တွေဖက်ကနေလည်း မျှော်လင့်ချက်တွေအများကြီးမြင့်မားနေပြီးတော့ လက်ရှိအချိန်ထိ ထွက်လာတဲ့ concept photo တွေကတော့ ပရိတ်သတ်တွေအံ့ဩလောက်စရာပုံရိပ်တွေပဲဖြစ်နေတာပါ။

https://s9.kh1.co/__image/w=650,h=650,q=100/2d/2da6495b00704d4b9fe5976bef1fb0d9be8643a6.webp

ဒီအယ်လ်ဘမ်ဟာ လီဆာအတွက်ဒုတိယအကြိမ်မြောက်အယ်လ်ဘမ်ဖြစ်ပါတယ်။ ၂၀၂၁ တုန်းကထုတ်ဝေခဲ့တဲ့ Lalisa အယ်လ်ဘမ်ဟာအောင်မြင်မှုနှင့်ဂင်းနစ်စံချိန်မှတ်တမ်းတွေအများကြီးရထားတာကြောင့် အခုလာမယ့်အယ်လ်ဘမ်ဟာအရင်တစ်ခုကိုမီပါ့မလားဆိုပြီးလည်းစိုးရိမ်နေကြပါတယ်။ ဒါပေမဲ့ လီဆာအနေနှင့် Album Promotion တွေအတွက် Tiktok acc တွေပါကိုယ်တိုင်ဖွင့်ပြီးပါလုပ်ဆောင်နေတာကြောင့် ဘယ်လိုအောင်မြင်မှုတွေထပ်ရအုံးမလဲဆိုတာကိုတော့ စောင့်ကြည့်နေရမှာပဲဖြစ်ပါတယ်။ 

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T