ကမ္ဘာကျော်ပေါ့အဆိုတော်တစ်ယောက်ဖြစ်တဲ့ Bilie Ellish ဟာတောင်ကိုးရီးယားကိုအယ်လ်ဘမ်ပရိုမိုရှင်းအတွက်ရောက်လာတာဖြစ်ပါတယ်။ Yoo Quiz on the Blocks လိုမျိုးနာမည်ကြီးအစီအစဥ်မှာပါ ပါဝင်ခဲ့တဲ့အပြင် Spotify ရဲ့ Listening Party မှာလည်း BlackPink အဖွဲ့ဝင် Jennie နှင့်သီးသန့်အင်တာဗျုးလေးလုပ်ခဲ့တာဖြစ်ပါတယ်။

သူတို့နှစ်ယောက်ဟာ ၂၀၁၉ တုန်းက Cochella ပွဲမှာတစ်ခါတွေ့ဖူးပြီးသားဖြစ်ပြီးတော့ အတော်လေးရင်းနှီးနေကြပုံလည်းပေါ်ပါတယ်။ ဂျင်းနီက ဘယ်အယ်လ်ဘမ်ကိုသဘောအကျဆုံးလဲဆိုတဲ့ မေးခွန်းကိုမေးပြီးတော့ စနောက်ရင်း BlackPink များလားဆိုပြီး စနောက်နေခဲ့တာပါ။ Billie ကလည်းဂျင်းနီရဲ့စနောက်မှုကို လက်ခံရီမောပေးပြီး ဂျင်းနီရဲ့နောက်ထွက်မယ့်အယ်လ်ဘမ်ဟာ သူအကြိုက်ဆုံးဖြစ်လာမှာသေချာတယ်ဆိုပြီးပြန်ဖြေလိုက်တာဖြစ်ပါတယ်။

ဂျင်းနီအနေနှင့်တစ်ကိုယ်တော်အခွေလုပ်နေဆဲဖြစ်ပြီးတော့ ဘယ်အချိန်မှာထွက်လာမယ်ဆိုတာကိုတော့ အခုချိန်မှာမသိရသေးပါဘူး။ Billie Ellish ကတော့ ထွက်တောင်မထွက်လာရသေးတဲ့ ဂျင်းနီရဲ့တစ်ကိုယ်တော်အယ်လ်ဘမ်ကိုပရိတ်သတ်တွေလိုပဲ အတော်လေးမျှော်လင့်နေတာဖြစ်ပါတယ်။
