လမ်းခွဲသွားပြီဆိုတဲ့သတင်းတွေကို Shopping ထွက်ရင်းပြန်ဖြေရှင်းလိုက်တဲ့ ကင်ဝူဘင်းနှင့် ရှင်းမင်အာ

//s9.kh1.co/b9/b903d49268970304a367f81662818229a9a962fd.jpg
MPT Korea Celebrity

 ၂၀-ဇွန်-၂၀၂၄ ၁၂pm · လွန်ခဲ့သော ၁၀ ရက် က

လမ်းခွဲသွားပြီဆိုတဲ့သတင်းတွေကို Shopping ထွက်ရင်းပြန်ဖြေရှင်းလိုက်တဲ့ ကင်ဝူဘင်းနှင့် ရှင်းမင်အာ

တောင်ကိုးရီးယားရဲ့နာမည်ကြီးမင်းသားမင်းသမီးစုံတွဲဖြစ်တဲ့ ကင်ဝူဘင်းနှင့် ရှင်းမင်အာတို့ဟာတွဲလာတာ ၁၀ နှစ်ဝန်းကျင်ရှိနေပြီဖြစ်တဲ့စုံတွဲတွေဖြစ်ပါတယ်။ နှစ်ယောက်သားဟာအသက်ကွာတဲ့ မမနှင့်မောင်လေးအတွဲဖြစ်ပေမဲ့ စတွဲကတည်းကနေအတော်လေးအဆင်ပြေပြီးတော့ ပရိတ်သတ်တွေသဘောတူခဲ့ကြတဲ့အတွဲလေးဖြစ်ပါတယ်။ ကြော်ညာရိုက်ကူးရေးကနေတစ်ဆင့်စတင်ခဲ့တဲ့အချစ်ရေးဟာအခုချိန်ထိလက်တွဲမြဲနေတာကြောင့်လည်း ပရိတ်သတ်တွေကနှစ်ယောက်သားကိုအများကြီးအားပေးနေကြတာပါ။

https://s9.kh1.co/__image/w=640,h=1280,q=100/5a/5aa57239a1197208be9164cf0c7fea2d9791e506.webp

ရှင်းမင်အာဟာလည်း ကင်ဝူဘင်းကင်ဆာရောဂါခံစားနေရချိန်မှာ အနုပညာအလုပ်တွေကနေတောင်ခေတ္တအနားယူပြီးတော့ ပြုစုပေးခဲ့တာဖြစ်ပါတယ်။ ရောဂါသက်သာပျောက်ကင်းမှ နှစ်ယောက်လုံးအတူတူအနုပညာလောကကိုပြန်ဝင်လာပြီးဒရာမာတွေရိုက်ကူးခဲ့ကြတာဖြစ်ပါတယ်။ နှစ်ယောက်လုံးဟာ လူထုရှေ့မှာပေါ်တင်ချပြပြီးတွဲတာမျိုးမရှိပေမဲ့ မကြာခဏနိုင်ငံခြားခရီးစဥ်တွေမှာအတူဒိတ်ကြလေ့ရှိပါတယ်။

https://s9.kh1.co/__image/w=650,h=995,q=100/43/43815febaf1d7f7d64f9691a1e6229302e62b660.webp

မကြာသေးခင်တုန်းက နှစ်ယောက်သားလမ်းခွဲသွားပြီဆိုတဲ့သတင်းတွေဆက်တိုက်ထွက်ပေါ်လာခဲ့ပါတယ်။ ဒါပေမဲ့မကြာခင်မှာပဲ နှစ်ယောက်သားအတူတူ Shopping ထွက်နေတဲ့ပုံရိပ်တွေကိုပရိတ်သတ်တွေကတွေ့လာခဲ့ရတာဖြစ်ပါတယ်။ ကင်ဝူဘင်းဟာ ကောင်မလေးဖြစ်တဲ့ရှင်းမင်အာဈေးဝယ်နေတာကိုစိတ်ရှည်ရှည်စောင့်နေပေးတဲ့အပြင် နှစ်ယောက်သားဟာသေချာလေးအတူရှိနေပြီး ကောလဟာလသတင်းတွေကိုဖျက်သိမ်းနိုင်ခဲ့တာဖြစ်ပါတယ်။

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T