အရသာရှိတဲ့chocolateငှက်ပျောကိတ်ချိုချိုလေး

//s9.kh1.co/6f/6f45c8edd8200fd3bea90070208fd2473435b6f5.jpg
ဗဟုသုတအဖြာဖြာ

 ၁၃-ဖေ-၂၀၂၄ ၃pm · လွန်ခဲ့သော ၅ လ က

အရသာရှိတဲ့chocolateငှက်ပျောကိတ်ချိုချိုလေး

ကျွန်တော်တို့ပတ်ဝန်းကျင်မှာစားစရာမုန့်ပေါပေါများများဝယ်စားလို့ရပေမဲ့တာရှည်ခံဆေးမပါတဲ့အစားအစာကတော့မရှိသလောက်ရှားပါတယ်။ဒီတစ်ခါတော့တာရှည်ခံဆေးမပါတာတွေကိုပဲစားချင်ပြီးကိုယ်တိုင်မုန့်လုပ်ဝါသနာပါတဲ့သူတွေအတွက် chocolateငှက်ပျောကိတ်ချိုချိုလေးလုပ်စားရအောင်လုပ်နည်းလေးလာပြောပြတာပဲဖြစ်ပါတယ်။လုပ်ရတာမခက်ခဲလို့အတူလုပ်စားကြည့်ရအောင်နော်

https://s9.kh1.co/__image/w=650,h=342,q=100/3f/3f80849541ccbc319266089d69838abf758365db.jpg

 ငှက်ပျောသီးကို အခွံနွှာကာအလယ်မအရှည်လိုက်ခြမ်းထားပါ…ဒယ်အိုးတွင်ထောပတ်အနည်းငယ်ထည့်ပြီး အပူပေးကာဆီရပါကသကြားအနည်းငယ်ထည့်ကာသကြားရည်ကြိုပါ။သကြားရည်ဆူလာပါက ခြမ်းထားသောငှက်ပျောသီးတို့ထည့်ကာအပူပေးပါ။ ပန်းကန်တစ်လုံးတွင်ကြက်ဥတစ်လုံးဖောက်ထည့်ကာ နွားနို့တစ်ခွက်၊သကြားစားပွဲတင်ဇွန်း ၅ ဇွန်း၊ဆီစားပွဲတင်ဇွန်း ၃ ဇွန်း၊ဆားနည်းငယ်ထည့်ကာသမအောင်ခေါက်ပါ။ ဇကာစစ်ထားသောဂျုံမှုန့်တစ်ခွက်၊ချော့ကလပ်မှုန့်အနည်းငယ်၊မုန့်ဖုတ်ဆိုဒါအနည်းငယ်တို့ကို နွားနို့ပန်းကန်ထဲ့သို့ထည့်ကာသမအောင်မွှေထားပါ

https://s9.kh1.co/__image/w=650,h=342,q=100/1e/1e2c5ff4a37cf7dc98709e9c00bf7c1795eb8c91.jpg

မုန့်နှစ်တို့သမပါကအပူပေးထားသောငှက်ပျော်သီးဒယ်အိုးထဲသို့လောင်းထည့်ကာ ၂၅ မိနစ်ခန့်အဖုံးပိတ်ပြီးအပူပေးထားပါ။ ၂၅ မိနစ်ပြည့်ပါက မု့န်အနေအထားကိုကြည့်ကာမိမိနှစ်သက်သောအနေအထားရပါက ပန်းကန်တစ်ချပ်တွင်ထည့်ကာလှီးဖြတ်ထားပါ။ မုန့်တို့အဆင်သင့်ဖြစ်ပါက ပျားရည်းဖြင့်သော်လည်ကောင်း၊ကော်ဖီဖြင့်သော်လည်းကောင်းတွဲစားနိုင်သော chocolate ငှက်ပျော်ကိတ်ချိုချိုမွှေးမွှေးလေးရရှိပြီပဲဖြစ်ပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/6f/6f32e3bd7be7fb0854c7558ee6fd5452261fed0a.jpg
Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T