လျှာလည်သွားစေမဲ့ ဝက်နံကင်ကြော်မွှေးမွှေးလေး

//s9.kh1.co/ef/efbf418910593a994aab52cc77ca183abee71fc4.jpg
ဗဟုသုတအဖြာဖြာ

 ၁၃-ဖေ-၂၀၂၄ ၂pm · လွန်ခဲ့သော ၅ လ က

လျှာလည်သွားစေမဲ့ ဝက်နံကင်ကြော်မွှေးမွှေးလေး

အသီးမှာသရက်၊အသားမှာဝက်ဆိုတဲ့စကားအတိုင်းပဲဝက်သားမကြိုက်တဲ့သူမရှိဘူးလို့ထင်ပါတယ်။ဒါပေမဲ့ဝက်သားကိုအမြဲတမ်းပဲချက်စားနေမယ်ဆိုရင်တော့စားရတာရိုးသွားပြီးမစားချင်ဖြစ်လာတတ်ပါတယ်။အဲ့ဒါကြောင့်ဒီတစ်ခါတော့ ဘယ်လောက်စားစားမရိုးတဲ့ဝက်နံကင်ကြော်မွှေးမွှေးလေးကြော်နည်းပြောပြပေးမယ်နော်

ပါဝင်ပစ္စည်းတွေကတော့-

ဝက်နံရိုး

ကြက်ဥ၊မုန့်ကြွပ်မှုန့်

ကော်မှုန့် အနည်းငယ်

စပါးလင်၊ကြက်သွန်ဖြူတို့လိုအပ်ပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/d9/d997dc3da980323e8dd44dc8625fc1febd72d762.jpg

ဝက်နံရိုးကိုအနေတော်တုံးပြီးဆား၊ဂျုံမှုန့်အနည်းငယ်ဖြင့်နှံ့အောင်နယ်ပြီးရေစင်အောင်ဆေးကာရေစစ် ထားပါ။စပါးလင်ရဲ့အတွင်းအနုပိုင်းကိုဓားဖြင့်ပါးပါးလှီးကာ၊ကြက်သွန်ဖြူထောင်းထားပါ။ ရေစစ်ထားသော ဝက်နံရိုးကို ပန်းကန်တစ်လုံးတွင်ထည့်ကာ ကြက်ဥတစ်လုံးဖောက်ထည့်ပြီး ဆား၊အရသာမှုန့်၊မဆလာ၊ငရုပ်ကောင်း၊ စပါးလင်၊ကြက်သွန်ဖြူ၊ကော်မှုန့်၊ရှာလကာရည်အနည်ငယ်၊ခရုဆီအနည်းငယ်တို့ထည့်ကာသမအောင်နယ်ထားပါ

https://s9.kh1.co/__image/w=650,h=342,q=100/74/7460dbe6848f8d9f07875338bbcf42e151642586.jpg

နယ်ထားသောဝက်နံရိုးတို့ကို အဖုံးအုပ်ထားပြီးမိနစ်အနည်းငယ်ခန့်အရသာသွင်းထားပါ။ဒယ်အိုးတွင်ဆီများများထည့်ကာဆီပူအောင်အပူပေးပြီးဆီပူလာပါက အရသာသွင်းထားသောဝက်နံရိုးတို့ ကိုမုန့်ကြွပ်မှုန့်ဖြင့်လူးကာရွှေရောင်သန်းအောင်ကြော်ပြီးဆီစစ်ထားပါ။ဆီဆစ်ထားသောဝက်နံရိုးတို့အေးပါက မိမိနှစ်သက်ရာဆော့စ်ဖြင့်ဖြစ်စေ၊အခြားသောဟင်းများဖြင့်ဖြစ်စေတွဲဖက်ကာသုံးဆောင်နိုင်ပါပြီ

https://s9.kh1.co/__image/w=650,h=342,q=100/af/af4d10996822ee58c650afbbe2ddeb40c2e50080.jpg
Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T