ကမ္ဘာ့ဒုတိယအနက်ရှိုင်းဆုံးဂူကြီး

//s9.kh1.co/33/33c30df9f8d092582149018a39e3f92cc78b2fdf.jpg
ဗဟုသုတအဖြာဖြာ

 ၁၃-ဖေ-၂၀၂၄ ၂pm · လွန်ခဲ့သော ၅ လ က

ကမ္ဘာ့ဒုတိယအနက်ရှိုင်းဆုံးဂူကြီး

၁၉၆၀ ခုနှစ်မှာရှာဖွေတွေ့ရှိခဲ့တဲ့ Krubera ဂူဟာ၎င်းရဲ့ထူးခြားတဲ့အနက်ကြောင့်ထင်ရှားပါတယ်။ ၎င်းဂူကြီးဟာ ၂၁၀၀ မီတာကျော်အထိနက်ရှိုင်းကာကမ္ဘာပေါ်မှာဒုတိယအနက်ရှိုင်းဆုံးဂူကြီးတစ်ဂူလည်းဖြစ်ပါတယ်။ဂူကြီးရဲ့ အပေါက်မှာကျီးကန်းများစွာအသိုက်ပြုလုပ်ရာနေရာဖြစ်ပြီး Voronja Cave ဟုသီးခြားအမည်ရှိကာ ရုရှားဘာသာအရ ကျီးကန်းဂူဟုအမည်ရကြောင်းလည်းသိရပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/a3/a3add864243c4f69f37bbc6ff75b226ce10ed052.jpg

ကမ္ဘာ့အနက်ရှိုင်းဆုံးဂူအဖြစ်လူသိများထင်ရှားတဲ့ ဒီဂူကြီးဟာဂျော်ဂျီယာနိုင်ငံ အနောက်ကော့ကေးဆပ်ဒေသရှိ အကြီးဆုံးထုံးကျောက်ထုထည်တစ်ခုလည်းဖြစ်ပါတယ်။လွန်ခဲ့သောနှစ်သန်းပေါင်း ၅ သန်းကျော်ခန့်မှစတင်ခဲ့တဲ့ လိုဏ်ဂူရာပေါင်းများစွာရှိပြီး မီတာ ၁၀၀၀ ထက်နက်သော ဂူ ၅ ဂူအထက်ရှိကာ Kruber Caveဟာမီတာ၂၀၀၀ ကျော်သောတစ်ခုတည်းသောဂူကြီးလည်းဖြစ်ပါတယ်။လေ့လာသူတို့ရဲ့တွေ့ရှိဖော်ပြချက်များအရ ဂူကြီးရဲ့ အောက်ခြေမျာ ဂူငယ် ၈ ခုရှိနေပြီး ရေသံများကြားရကာရေလွမ်းမိုးနေသောနေရာများရှိနိုင်ကြောင်းသိရပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/ba/bab2e0753624ea8b79bac5fb536fe6c24e13bf1a.jpg

လေ့လာသူတို့ရဲ့ပြောကြားချက်များအရ ဂူစနစ်အစိတ်အပိုင်းများဟာလမ်းကြောင်းများစွာဖြင့်ချိတ်ဆက်ထားပြီး ဒေါင်လိုက်ရေတွင်းများလည်းပါနေကြောင်းဆိုထားပါတယ်။ကမ္ဘာ့ဒုတိယအနက်ရှိုင်းဆုံးဖြစ်တဲ့ဒီဂူကြီးကို ၁၉၆၀ ပြည့်လွန်နှစ်များမှာစူးစမ်းရှာဖွေမှုများပြုလုပ်ခဲ့သော ဆိုဗီယက်ပညာရှင်များက ရုရှားပထဝီဝင်ပညာရှင် Alexander Kruber ကို ဂုဏ်ပြုသောအားဖြင့် Kruber Cave ဟုအမည်ပေးခဲ့ကြောင်းသိရပါတယ်။ထူးခြားတဲ့ဒီဂူကြီးဟာယခုအချိန်မှာနိုင်ငံတကာမှလေ့လာသူများအကြားရေပန်းစားရာနေရာတစ်ခုဖြစ်လာပြီးလာရောက်လေ့လာသူများပြားလာခဲ့ပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/17/17bf3c481d3810ba2da3519f0f973b97bf499af7.jpg
Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T