မြန်မာနိုင်ငံမှ ကရင်နီ (သို့) ကယားလူမျိုးများအကြောင်း

//s9.kh1.co/46/465966c7ce6d58e05770dc60dd57ba6bac6e7fe1.jpg
ဗဟုသုတအဖြာဖြာ

 ၁၃-ဖေ-၂၀၂၄ ၁pm · လွန်ခဲ့သော ၅ လ က

ကယားတို့ပြည် ငွေတောင်ပြည်

ကယားလူမျိုးစုဟု ယေဘူယျအမည်အောက်တွင် လူမျိုးစုပေါင်း (၉)ခုထိ အခွဲပေါင်းများစွာရှိသေးသည်။ ကိန္နရီ၊ ကိန္နရာတို့ ပျော်မြူးရာ ငွေတောင်ပြည် ကယားပြည်နယ်တွင် အများဆုံးနေထိုင်ကြပြီး ထိုင်း၊ တရုတ်အနွယ်ဝင်များဖြစ်ကြသည်။ ကရင်လူမျိုးစုထဲတွင် ပါဝင်သောကြောင့် အင်္ဂလိပ် ခေတ်မှ စတင်ကာ ကရင်နီဟု သတ်မှတ်ခေါ်ဆိုခဲ့ကြသည်။ 

https://s9.kh1.co/__image/w=650,h=327,q=100/e5/e556b62cecf9dbf169040a54e275cdd11ed79e3c.jpg

မင်းတုန်းမင်းလက်ထက်တွင် ကရင်နီနယ် ကိုသိမ်းပိုက်ရန်ကြိုးစားခဲ့ဖူးသည်။ သို့သော်ဗြိတိသျှတို့၏ တားဆီးမှုကြောင့် အကြံစည်မအောင်မြင်ခဲ့ပေ။ ကရင်နီပြည်နယ်သည် အင်္ဂလိပ် ဗြိတိသျှတို့လက်ထက်တွင်ပင် လွတ်လပ်နယ်မြေအဖြစ် သတ်မှတ်ခြင်းကိုခံခဲ့ရသည့် တစ်ခုတည်းသော နေရာဖြစ်သည်။ ဗြိတိသျှတို့ မြန်မာပြည်မှ ပြန်လည်ထွက်ခွာသွားသည့်နောက်ပိုင်းတွင် ကရင်နီဟူသော အမည်ကိုပယ်ဖျက်ကာ ကယားဟုသာ တရားဝင်ခေါ်တွင်ခဲ့သည်။ 

https://s9.kh1.co/__image/w=320,h=213,q=100/69/6999a4febb076ea0b53ced82ce6fcd23bed3d0e9.jpg

ကယားအမျိုးသားများသည် ဆံထုံးထုံး၍ အဖြူရောင် ခေါင်းပေါင်းဝတ်ဆင်ကြသည်။ အမျိုးသမီးများမှာမူ ဆံထုံးထုံးကာ အနီရောင်ပုဝါကို စည်းကြပြီး အနီ (သို့) အနက်ရောင် ခြုံထည်ကိုလည်း ဝတ်ဆင်ကြ၏။ နားတောင်း၊ ပုတီးစေ့များသွယ်တန်းထားသော ဆွဲကြိုးများကို ဝတ်ဆင်ကြသည်။ အမျိုးသားများ၏ ဝတ်စားဆင်ယင်မှုသည်ကား ရိုးရှင်းလှ၏။ ခေတ်ဟောင်းကယားများတွင် အစင်းကြားဘောင်းဘီတို ဝတ်ဆင်ကာ ခေတ်သစ်ကယားများမှာမူ ဘောင်းဘီအနက်အရှည် ဗြောင်ကိုဝတ်ဆင်ကြသည်။ ရှေ့နောက်တူညီသော လက်တိုအင်္ကျီအောက်တွင် လက်ရှည်အင်္ကျီအဖြူ ခံဝတ်ကြ၏။ 

https://s9.kh1.co/__image/w=189,h=267,q=100/b7/b74f726681090a02891a781fae4af30a9301adbb.jpg

ရိုးရာနတ်နှင့် ဗုဒ္ဓဘာသာကို အဓိကိုးကွယ်သော လူမျိုးစုဖြစ်ပြီး ကယားလူမျိုးတို့၏ အဓိကအထင်ကရ အမှတ်အသားမှာ ဖားစည် (သို့) နတ်စည်ကြီးဖြစ်သည်။ ၎င်းကိုငွေတောင်ပြည် ကယားပြည်နယ်၌ သွန်းလုပ်ခဲ့ကြသည်။ 

Heather
Ei Me Me Lwin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T