နေ့အချိန်မှာမြင်တွေ့ရန်ခက်ခဲတဲ့ချစ်စရာဂျပန်ရှဉ့်ပျံလေးများ

//s9.kh1.co/c7/c790440d11eb29b6f6e682b1b7875e41c90df6ea.jpg
ဗဟုသုတအဖြာဖြာ

 ၁၀-ဖေ-၂၀၂၄ ၄pm · လွန်ခဲ့သော ၆ လ က

နေ့အချိန်မှာမြင်တွေ့ရန်ခက်ခဲတဲ့ချစ်စရာဂျပန်ရှဉ့်ပျံလေးများ

Japanese dwarf flying squirrel အမည်ရရှဉ့်လေးများဟာ၎င်းတို့ရဲ့ချစ်စရာကောင်းတဲ့ပုံစံကြောင့်လူသိများထင်ရှားပါတယ်။ ဂျပန်နိုင်ငံရှိအမြဲစိမ်းထင်းရှူးသစ်တောများမှာနေထိုင်ကြပြီး နေ့အချိန်မှာတွေ့ရှိဖို့ရန်အတွက်ခက်ခဲတဲ့သတ္တဝါငယ်လေးတွေပဲဖြစ်ပါတယ်။တောရိုင်တိရစ္ဆာန်လေ့လာသူအများစုကတော့ဂျပန်ရှဉ့်ပျံလေးများကို ချစ်စရာအကောင်းဆုံးတောရိုင်းတိရစ္ဆာန်လေးများမှတစ်ကောင်အဖြစ်ဆိုထားပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/c2/c26b3ad1b551bf48fafd80398776dfe024ce7ebe.jpg

ခန္ဓာကိုယ်မှာလက်ကောက်ဝတ်မှခြေကျင်းဝတ်အထိဆက်သွယ်ထားသော patagium အမည်ရှိအတောင်ပျံသဖွယ်အမှေးပါးတစ်ခုပါရှိပါတယ်။ထိုအမြေးပါးဟာရှဉ့်ကလေးများအားအခြားသော ရှဉ့်များထက်ပိုမိုလျှင်မြန်စွာကူးခက်ခုန်လွှားနိုင်ရန်ကူညီပေးထားပါတယ်။နေ့ခင်းဘက်မှာအစုလိုက်အပြုံလိုက်ပုန်းအောင်းနေထိုင်တတ်ပြီး ညအချိန်မှသာလှုပ်ရှားအစာရှာကြတဲ့မျိုးစိတ်များဖြစ်တာကြောင့် ညအချိန်မှသာ ၎င်းတို့ရဲ့ချစ်စရာလှုပ်ရှားမှုလေးများကိုမြင်တွေ့နိုင်မှာပဲဖြစ်ပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/6e/6ec116e4d94c1ea9eceef4ac421760682ac79cd3.jpg

Japanese dwarf flying squirrel များအတွက် ရေညှိများ၊သစ်ခေါင်းအပေါက်များဟာ ၎င်းတို့အတွက်အလွန်အရေးကြီးတဲ့အသိုက်အရင်းအမြစ်များလည်းဖြစ်ကြပါတယ်။ အုပ်စုဖွဲ့နေထိုင်တဲ့သတ္တဝါငယ်လေးများဖြစ်ကြကာ မိတ်လိုက်ရာသီမဟုတ်ပါက ထိုအုပ်စုများမှာအထီး၊အမ တူညီသောလိင်များသာအုပ်စုဖွဲ့နေထိုင်တတ်ကြောင်းလည်းသိရပါတယ်။ချစ်စရာကောင်းတဲ့ဒီမျိုးစိတ်များကိုဂျပန်နိုင်ငံရဲ့သဘာဝထိန်းသိမ်းရေးနယ်မြေများမှာများစွာတွေ့ရပြီး အကောင်အရေအတွက်အတော်များများကျန်ရှိနေသေးတဲ့သတ္တဝါမျိုးစိတ်တစ်ခုလည်းဖြစ်ကြပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/80/80564089b53d24ba1c80808fb3e8e16f7253b6ef.jpg
Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T