ရေငန်မိကျောင်းပြီးနောက် ကမ္ဘာ့အကြီးဆုံးမိကျောင်း

//s9.kh1.co/2e/2e666b792546054345fc5880584675deb2d324c0.jpg
ဗဟုသုတအဖြာဖြာ

 ၀၉-ဖေ-၂၀၂၄ ၉am · လွန်ခဲ့သော ၂ နှစ် က

ရေငန်မိကျောင်းပြီးနောက် ကမ္ဘာ့အကြီးဆုံးမိကျောင်း

ရေငန်မိကျောင်းမျိုးစိတ်ဟာကမ္ဘာပေါ်မှာအကြီးဆုံးမိကျောင်းမျိုးစိတ်တစ်ခုဖြစ်ပါတယ်။သို့ပေမယ့် Nile crocodiles (နိုင်းမိကျောင်း)ဟာရေငန်မိကျောင်းမျိုးစိတ်တစ်ခုဖြစ်ပြီးဒုတိယအကြီးဆုံး သက်ရှိတွားသွား သတ္တဝါမျိုးစိတ်တစ်ခုလည်းဖြစ်ပါတယ်။ခန္ဓာကိုယ်အားဖြင့်ပေ ၂၀ ကျော်ရှည်လျားကာ အာဖိကဆာဟာရရဲ့ အောက်ပိုင်းဒေသရှိရေကန်များ၊မြစ်များ၊မြစ်ဝကျွန်းပေါ်ဒေသများနဲ့ရေနေသတ္တဝါမျိုးစိတ်များ နေထိုင်ရာနေရာများမှာနေထိုင်လေ့ရှိကြပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/c4/c407d9532a27874d55f448273683d8bd17e77390.jpg

နှစ်သန်းပေါင်းများစွာကတည်းကရှိခဲ့တဲ့မျိုးရင်းတစ်ခုဖြစ်ပြီးထူးခြားသန်မာတဲ့ မေးရိုးများနဲ့၊ မာကျောတဲ့ သားရေများကိုပိုင်ဆိုင်ထားပြီး လေ့လာသူများကတော့သမိုင်းမတင်မှီခေတ်ကတည်းကဖြစ်ပုံရကြောင်းဆိုပါတယ်။ ရေငန်ပတ်ဝန်းကျင်မှာနေထိုင်လေ့ရှိကြသော်လည်း ရေငန်မှာမှာတွေ့ရခဲတဲ့မိကျောင်းတွေဖြစ်ကြပြီး သားကောင်များကို ချောင်းမြောင်းတိုက်ခိုက်တတ်ကြပါတယ်။သားကောင်ကိုစောင့်ဆိုင်းဖမ်းယူဖို့အတွက် နာရီပေါင်းများစွာ၊ရက်သတ္တပတ်များစွာပင်စောင့်ဆိုင်းလေ့ရှိကာ စိတ်အားထက်သန်တဲ့သတ္တဝါတွေပဲဖြစ်ကြပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/46/4651917ac49a5f7a729c058ff81ee14c04441c4a.jpg

အာဖရိကရဲ့အကြီးဆုံးရေချိုမိကျောင်းမျိုးစိတ်တစ်ခုဖြစ်ပြီး ရေငန်မိကျောင်းပြီးနောက်ဒုတိယအကြီးဆုံး တွားသွားသတ္တဝါမျိုးစိတ်တစ်မျိုးပဲဖြစ်ပါတယ်။ အလွန်ကြမ်းတမ်းတဲ့ မိကျောင်းမျိုးစိတ်များဖြစ်ကြကာ သားကောင်ဟာ၎င်းတို့နဲ့ဝေးကွာတဲ့အကွာအဝေးမှာရှိနေတဲ့အချိန်မှာပင်ရအောင်ဖမ်းဆီးတတ်ကြပါတယ်။ မိကျောင်းများဟာကမ္ဘာပေါ်မှာအန္တရာယ်အရှိဆုံးတွားသွားသတ္တဝါမျိုးစိတ်များဖြစ်ကြပြီး Nile crocodiles ဟာလဲနှစ်စဉ်လူနဲ့သတ္တဝါပေါင်း ရာပေါင်းများစွာသတ်ဖြတ်နေကြောင်းလည်းသိရပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/ed/edb14b3f5a083dce435b30ae7b4b8c7aa40a5942.jpg
Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T