ပန်းရောင်သဲသောင်ပြင်ကြီးတစ်ခုနဲ့ ထင်ရှားတဲ့ကမ်းခြေကြီး

//s9.kh1.co/3d/3dd106ccf326bea84525b19a706a8ce4353ac178.jpg
ဗဟုသုတအဖြာဖြာ

 ၀၈-ဖေ-၂၀၂၄ ၂pm · လွန်ခဲ့သော ၂ နှစ် က

ပန်းရောင်သဲသောင်ပြင်ကြီးတစ်ခုနဲ့ ထင်ရှားတဲ့ကမ်းခြေကြီး

Barbuda ကျွန်းဟာကာရေဘီယံနိုင်ငံရဲ့အထွတ်အမြတ်ထားရာနေရာတစ်ခုဖြစ်ပြီး လူဦးရေနည်းပါးသလို အဆောက်အဦးလည်းအတော်ရှားပါးပါတယ်။ လူသိများထင်ရှားတဲ့ဒီကျွန်းကြီးဟာ Pink Sand Beach အမည်ရ ကမ်းခြေကြီးတစ်ခုကြောင့်ပိုမိုထင်ရှားလာခဲ့တယ်လို့လဲပြောလို့ရပါတယ်။ကမ္ဘာလှည့်ခရီးသွားတွေကြားမှာထင်ရှားတဲ့ ကမ်းခြေကြီးတစ်ခုဖြစ်ပြီးကမ်းခြေမှာရှိတဲ့သဲသောင်ဟာဘာကြောင့် ပန်းရောင်သန်းနေသလဲဆိုတာတွေးတောစရာဖြစ်စေပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/ab/ab5e63d0d28042965df7aa42e7c252f7ab6c4f37.jpg

ပန်းရောင်ကမ်းခြေကြီးဟာ ကမ္ဘာပေါ်ရှိအလှဆုံးနေရာတွေထဲကတစ်ခုအဖြစ်လည်းသတ်မှတ်ခံထားရပြီး မူလ အစကတည်းကပန်းရောင်ကမ်းခြေကြီးတစ်ခုတော့မဟုတ်ပါဘူး။ သုတေသနပြုချက်များအရ ပန်းရောင်နဲ့အနီရောင် အခွံကို ပိုင်ဆိုင်ထားကြတဲ့သတ္တဝါများနဲ့ ကယ်လ်ဆီယမ်ကြွယ်ဝတဲ့သန္တကျောက်များကြောင့်ဖြစ်ပေါ် လာကြောင်းလည်းသိရပါတယ်။ထို့အပြင် သန္တာကျောက်တန်းပေါ်ရှိပန်းရောင်၊အနီရောင် အရောင်ခြယ်စ္စည်းထုတ်သည့် Foraminifera အမည်ရသေးငယ်သောအဏုဇီဝသက်ရှိလေးများကြောင့်ဖြစ်ကြောင်းလည်းသုတေသီတို့ဆိုပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/bf/bfaf5d2b2f757dc39000a3b0298c3d0175a50ad1.jpg

ကမ္ဘာ့အကျော်ကြားဆုံးနေရာများထဲမှတစ်ခုဖြစ်တဲ့ Pink Sand Beach ဟာခရီးသွားများရဲ့စိတ်ဝင်စားမှုကို များစွာရရှိထားပြီးဒီဇင်ဘာလ မှ မေလအချိန်များဟာလည်ပတ်ရန်ကောင်းဆုံးအချိန်များဖြစ်ကြောင်း လည်း လည်ပတ်သူတို့ပြောကြားထားပါတယ်။ဒါ့အပြင်အခရီးသွားပြည်သူတို့မှလည်း Pink Sand Beach မှသဲများဟာကမ္ဘာပေါ်ရှိကမ်းခြေများအနက်အလှဆုံးသဲများအဖြစ်လက်ခံထားကြပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/33/333f2165db5dd82b619358cb3e60cbec1c789a12.jpg
Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T