အရိုးခေါင်းပုံသဏ္ဍာန်နဲ့ပန်းမျိုးစိတ်ရဲ့ ရနံ့ကဘယ်လိုရနံ့ရှိမယ်ထင်သလဲ?

//s9.kh1.co/7e/7ebde180672a2d50e127d1dc79fde45906354e86.jpg
ဗဟုသုတအဖြာဖြာ

 ၀၈-ဖေ-၂၀၂၄ ၁၂pm · လွန်ခဲ့သော ၂ နှစ် က

အရိုးခေါင်းပုံသဏ္ဍာန်နဲ့ပန်းမျိုးစိတ်ရဲ့ ရနံ့ကဘယ်လိုရနံ့ရှိမယ်ထင်သလဲ?

အမေရိကအလယ်ပိုင်း၊El Salvadorဒေသရှိအပူပိုင်းမိုးသစ်တောများမှာတွေ့ရတဲ့ Darth Vader pipevineဟာ အခြားပန်းမျိုးစိတ်များနဲ့မတူတဲ့အသွင်နဲ့လူအများရဲ့အာရုံကိုစွဲဆောင်နေပါတယ်။ ဆန်းပြားတဲ့အသွင်ကိုပိုင်ဆိုင်ထားတဲ့ ဒီပင်လေးတွေဟာထူးခြားတဲ့ရနံ့ကိုလည်းပိုင်ဆိုင်ထားပါသေးတယ်။ ထိုသို့ အများနဲ့မတူဘဲဆန်းပြားနေခြင်းကပဲ အပင်စုဆောင်းသူတွေရဲ့အကြားမှာရေပန်းစားထင်ရှားလာခဲ့ရပြန်ပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/9d/9dd2184311fdcb14f23d64ede9a4750c7842f21f.jpg

နှစ်ရှည်ခံချုံပင်အမျိုးအစား ၃၀၀ခန့်အနက်သေးငယ်တဲ့အမြဲစိမ်းနွယ်ပင်အမျိုးအစားများအဖြစ်ပါဝင်နေပြီး အမြင့် ၃-၅ မီတာမျှသာရှိပါတယ်။ ပန်းများမှာ အဖြူရောင်၊ခရမ်းရောင်၊အညိုရောင်ရှိကာသွေးကြောပုံ အကြောများဖြင့်ဖုံးအုပ်ထားပြီးဦးခေါင်းခွံတစ်ခုကဲ့သို့ဆင်တူနေပါတယ်။ ထူးခြားတဲ့ဒီပန်းလေးတွေဟာပုံသဏ္ဍာန်နဲ့လိုက်ဖက်စွာဆန်းပြားတဲ့ရနံ့ကိုပိုင်ဆိုင်ထားကြပါသေးတယ်

https://s9.kh1.co/__image/w=650,h=342,q=100/2c/2cbda1024187e95f6e28bc818b7efc414e047834.jpg

၎င်းပန်းများရဲ့ရနံ့ဟာပုပ်နေသောအသားပုပ်နံ့ကိုပေးစွမ်းပြီး လေ့လာသူတို့ရဲ့ပြောဆိုချက်များအရ ဦးခေါင်းခွံပုံစံပန်းပွင့်မျာရဲ့ မျက်လုံးပေါက်များနဲ့ထူးခြားတဲ့အပုပ်နံ့ဟာ ပန်ပွင့်များသန္ဓေအောင်စေရန်အတွက် အင်းစက်များကိုဆွဲဆောင်ကြောင်းဆိုပါတယ်။ မျိုးစိတ်ဝင်ပေါင်းများစွာရှိသည့်အနက် Darth Vader ဟာတွေ့ရရှားပါးသောမျိုးစုတစ်မျိုးဖြစ်ကြောင်းလည်းလေ့လာသူတို့ပြေားကြားချက်များအရသိရပါတယ်။ ထို့အအပြင်၎င်းတို့ရဲ့ထူးခြားတဲ့ပုံသဏ္ဍာန်ကြောင့်ထူးခြားသောအပင်မျိုးစိတ်စုဆောင်းသူတို့အကြားလွန်စွာထင်ရှားခဲ့တဲ့မျိုးရင်းတစ်ခုပဲဖြစ်ပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/26/261684acdd5c352bd8af5cfd23c4b77635580ce5.jpg
Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T