ဂျပန်နိုင်ငံရဲ့အကြီးဆုံးလိပ်ပြာမျိုးစိတ်

//s9.kh1.co/4d/4dc67bc3f7a9858183add1f7907b6e3b025729aa.jpg
ဗဟုသုတအဖြာဖြာ

 ၀၈-ဖေ-၂၀၂၄ ၉am · လွန်ခဲ့သော ၆ လ က

ဂျပန်နိုင်ငံရဲ့အကြီးဆုံးလိပ်ပြာမျိုးစိတ်

အရှေ့တောင်အာရှဟာထူးခြားသောဇီဝမျိုးစုံမျိုးကွဲများပြည့်နေတဲ့ အာရှတိုက်ရဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ဇီဝမျိုးစုံမျိုးကွဲများစွာအနက်မှာ Japanese emperorအမည်ရလိပ်ပြာမျိုးစိတ်တစ်ခုဟာလည်းအပါအဝင်ဖြစ်ပါတယ်။ဂျပန်၊ကိုရီးယား၊တရုတ်၊ထိုင်ဝမ်းမြောက်ပိုင်း၊ဗီယက်နမ်မြောက်ပိုင်းတို့မှ စတင်ပျံ့ပွားခဲ့တဲ့ ဒီလိပ်ပြာလေးတွေဟာ၎င်းတို့ရဲ့ထူးခြားတဲ့အရောင်အသွေးနဲ့လှပတဲ့ပုံစံကြောင့်လူသိများပြီး ကြီးမားတဲ့အသွင်ကြောင့်ထင်ရှားလာရခြင်းလည်းဖြစ်ပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/d5/d541e15e1c027913626f9b306bd4d889c406f362.jpg

သစ်ပင်သစ်တောထူးထပ်သောတောတောင်များမှာတွေ့ရများပြီးအချိန်အများစုကို သစ်ပင်ရဲ့ထိပ်ဖျားပိုင်းမှာဘဲ နားခိုရင်းကုန်ဆုံးကြပါတယ်။လိပ်ပြာအမများဟာလည်းအထီးများနည်းတူကြီးမားတဲ့အတောင်ပံများပါရှိသော်လည်းအထီးများကဲ့သို့တောက်ပမှုတော့မရှိပါဘူး။ Japanese emperor(ဂျပန်ဧကရာဇ်လိပ်ပြာ)ဟု လူသိများထင်ရှားပြီး အတောင်မှာ ၁၀ စင်တီမီတာအထိရှည်လျားကာဂျပန်နိုင်ငံရဲ့အကြီးဆုံးလိပ်ပြာမျိုးစိတ်တစ်ခုအဖြစ်သတ်မှတ်ခံထားရသည်သာမက national butterfly အဖြစ်လည်းသတ်မှတ်ထားပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/c2/c2b49f814eb6794523d17c5843e687306448dd58.jpg

အထီးများဟာကိုယ်ပိုင်နယ်မြေများသတ်မှတ်ကာနေထိုင်တတ်ကြပြီး သစ်ပင်များပေါ်မှာပျံဝဲနေတတ်ကာ စာငှက်များလိုက်လံဖမ်းဆီးချိန်များမှာပင်ကောင်းမွန်စွာပျံသန်းနေတတ်ကြောင်းလည်းသိရပါတယ်။ Japanese emperor တွေရဲ့ ပျံသန်းမှုပုံစံဟာလိပ်ပြာနှစ်သက်သူတို့အကြားမှာတော့ကျက်သရေရှိသော  ပျံသန်းမှုပုံစံအဖြစ်လက်ခံထားကြပြီး လိပ်ပြာဝါသနာအိုးများအကြားအနှစ်သက်ဆုံးမျိုးစိတ်တစ်ခုလည်းဖြစ်ပါတယ်။ ထူးခြားလှပတဲ့ ဂျပန်ဧကရာဇ်လိပ်ပြာဟာလက်ရှိအချိန်မှာတော့မျိုးသုဉ်းပျောက်ကွယ်နိုင်မှုအန္တရာယ်များနဲ့ရင်ဆိုင်နေရပြီးထိန်းသိမ်းစောင့်ရှောက်ရေးများပြုလုပ်ရန်လိုအပ်နေပြီဖြစ်ကြောင်းလေ့လာသူတို့ဆိုထားပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/4d/4dac94ebf786f6e5d6cd90b4d09eb4120f237da2.jpg
Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T