Anger Issue ကိုဘယ်လိုထိန်းချုပ်ကြမလဲ?

//s9.kh1.co/95/9544c84c7ec96eb4374a9e32fcd16bba2263e2d7.jpg
ဗဟုသုတအဖြာဖြာ

 ၀၇-ဖေ-၂၀၂၄ ၂pm · လွန်ခဲ့သော ၆ လ က

Anger Issue ကိုဘယ်လိုထိန်းချုပ်ကြမလဲ?

ဒေါသထွက်ပေါက်ကွဲလွယ်တတ်တဲ့အကျင့်စရိုက်ရှိသူတွေအနေနှင့် ဒီပြဿနာကိုထိန်းချုပ်တတ်ဖို့လိုအပ်ပါတယ်။ ဒါကိုထိန်းချုပ်ဖို့အတွက် လုပ်ဆောင်နိုင်တဲ့နည်းလမ်းတွေကိုဖော်ပြပေးသွားပါမယ်။ အရင်ဆုံးဒေါသထွက်စရာကိစ္စလိုမျိုးကြုံတွေ့လာတာနှင့် စိတ်အခြေအနေကိုဆန်းစစ်ပြီး ဒေါသထွက်နိုင်တဲ့အခြေအနေကိုသိထားဖို့လိုအပ်ပါတယ်။

https://s9.kh1.co/__image/w=564,h=846,q=100/5d/5da0f499cdd4c4485864b4f06465b081fe5fc199.jpg

Anger Issue ဖြစ်မယ့်အခြေအနေဖြစ်လာရင် အသက်ပြင်းပြင်းရှုပြီး ဖြည်းဖြည်းချင်းလေပြန်ထုတ်တဲ့ အသက်ရှူနည်းလမ်းကို ချက်ချင်းလုပ်ဆောင်သင့်ပါတယ်။ ဒီနည်းလမ်းဟာ ဒေါသထွက်နေတဲ့စိတ်ကိုအတော်လေးငြိမ်သက်သွားစေနိုင်သလို အာရုံကြောတွေကိုလည်းအတော်အသင့်ပြေလျော့သွားစေတာကြောင့်ဖြစ်ပါတယ်။ အသက်ရှူနေရင်း ကိန်းဂဏန်းတွေကိုရေတွက်တာ ဒါမှမဟုတ် တစ်ခြားတစ်ခုခုအကြောင်းတွေးတာမျိုးလုပ်ဖို့လိုပါတယ်။ 

https://s9.kh1.co/__image/w=480,h=320,q=100/b2/b236f65272e5ae40260282c728cec290cbc0c0be.jpg

ဒီလိုလုပ်ခြင်းဟာ အရှိန်အဟုန်နှင့်ဖြစ်နေတဲ့ဒေါသကိုငြိမ်သက်စေပြီးတော့ စိတ်ကိုဆင်ခြင်စဥ်းစားနိုင်ဖို့အချိန်ရစေပါတယ်။ စိတ်ငြိမ်သွားမှ ဒေါသဖြစ်ရတဲ့အကြောင်းရင်းကိုရှာဖွေပြီးတော့ ဖြေရှင်းချက်ထွက်လာဖို့လုပ်ဆောင်သင့်ပါတယ်။ 

https://s9.kh1.co/__image/w=564,h=423,q=100/a8/a8a8c79050e315e78bceb7a8fff0135df50a502e.jpg
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T