ဖြူလွလွရေခဲပြင်မှမှော်ဆန်စွာထွက်ပေါ်လာတဲ့ သွေးရေတံခွန်

//s9.kh1.co/70/709148eadc0ec88b4be8987bda790239c7f435cd.jpg
ဗဟုသုတအဖြာဖြာ

 ၀၇-ဖေ-၂၀၂၄ ၂pm · လွန်ခဲ့သော ၂ နှစ် က

ဖြူလွလွရေခဲပြင်မှမှော်ဆန်စွာထွက်ပေါ်လာတဲ့ သွေးရေတံခွန်

အန္တာတိကတိုက် ရှိBlood Falls ဟာထူးခြားတဲ့နေရာများကိုစိတ်ဝင်စားသူတို့အကြားထင်ရှားတဲ့ရေတံခွန်တစ်ခုဖြစ်ပါတယ်။ ထိုနေရာရဲ့ထင်ရှားရခြင်းမှာ ဖြူလွလွရေခဲပြင်မှ မှော်ဆန်စွာထွက်ပေါ်လာခဲ့တဲ့ သွေးရောင် ရေတံခွန်တစ်ခုကြောင့်သာဖြစ်ပါတယ်။ ထိုထူးခြားတဲ့ရေတံခွန်ဟာရေခဲပြင်အတွင်းမှ ထိုးဖောက်စီးဆင်းလာသော်လည်း ရေအရောင်ကွဲပြာနေခြင်းမှာလူအများအတွက်တော့စဉ်းစားစရာတစ်ခုဖြစ်နေပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/0e/0e356abf4592ac2b47f2ff54f173a13ee8cc0155.jpg

လေ့လာသူများကမူ Blood Falls ဟာ ရေအတွင်းသံဓာတ်အများအပြားပါဝင်ခြင်းကြောင့်ရေရဲ့ အရောင်ဟာအနီရောင်အဖြစ်ပြောင်းလဲသွားကြောင်းဆိုပါတယ်။ Alaska တက္ကသိုလ်မှသုတေသီတို့မှာလည်းဆားငန်ရေမှာ ironများဓာတ်တိုးခြင်းမှထူးခြားသောအနီရောင်ကိုပေးစွမ်းကြောင်းအဆိုပြုထားပါတယ်။အဆိုပါထူးခြားသောသွေးရေတံခွန်ကို ဩစတြေးလျဘူမိဗေဒပညာရှင် Thomas Griffith Taylor မှ ၁၉၁၁ ခုနှစ်မှာပထမဆုံးရှာဖွေတွေ့ရှိခဲ့ပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/14/143f975a9b8a87d80272dff19557753e037f0018.jpg

မူလအစမှာရေတံခွန်မှရေဟာ အနီရောင်ရေညှိများကြောင့်ဖြစ်ကြောင်းမှတ်ယူခဲ့ကြပေမယ့် နောက်ပိုင်းမှာ iron oxides များကြောင့်ဖြစ်ကြောင်းပညာရှင်တို့သက်သေပြနိုင်ခဲ့ပါတယ်။ထိုရေခဲမြစ်ရဲ့အောက်မှာဆားရည်အိုင်ဟာနှစ်တစ်သန်းခန့်သက်တမ်းရှိသည်နဲ့အမျှရေဟာ အေးမြခြင်း၊အောက်ဆီဂျင်ကင်းမဲ့ခြင်း၊အလင်ရောင်ကင်းမဲ့ခြင်းတို့ကြောင့်သေးငယ်သောအဏုဇီဝပိုးမွှားများသာရှင်သန်နေထိုင်နိုင်ကြောင်းလည်းသိရပါတယ်။ Tennessee တက္ကသိုလ်မှ ဘူမိဗေဒပညာရှင် Jill Mikuckiကမူ နမူနာယူခဲ့သောရေမှာပင်လျှင် သေးသယ်သောအဏုဇီဝပေါင်း ၁၇ မျိုးကျော်တွေ့ရကြောင်းဆိုထားပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/91/912f59c5c2ceacffae6b17a2e7220064fc30ef67.jpg
Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T