Pitcher plant အမည်ရအပင်မျိုးစိတ်ဟာအတွေ့ရအများဆုံးအပင်မျိုးစိတ်များမှတစ်ခုဖြစ်ပြီး နေရာအများအပြားမှာအလှစိုက်ပန်းပင်များအဖြစ်စိုက်ပျိုးကြပါတယ်။အေးမြသောသမပိုင်းရာသီဥတုကို နှစ် သက်ကြပြီး Great Lakesဒေသ၊ကနေဒါနိုင်ငံနေရာအများအပြား၊ Washington ပြည်နယ်နဲ့ Alaskaတို့မှာများစွာတွေ့ရပါတယ်။ Pitcher plant၊ရေတကောင်းပင်များ၊အိုးပုတ်ပင်များဟုလူသိများပြီး ၎င်းတို့ရဲ့ထူးခြားသောအစာအာဟာရ ရယူမှုပုံစံကြောင့်ထင်ရှားပါတယ်

အပင်လေးတွေရဲ့အရွက်အတွင်းမှာနေရောင်ခြည်ရဲ့အကူအညီနဲ့အပူပေးထားသောရေအိုင်ငယ်တစ်ခုပါရှိကြောင်းသိရပါတယ်။ရေတကောင်းပင်လေးများဟာအပင်ရဲ့အတွင်းပိုင်းနံရံများမှာ ချွဲကျိကျိအရေများနဲ့အမွေးများ ပါပါရှိကာလာရောက်နားခိုသောအင်းစက်များကို၎င်းတို့ရဲ့ခန္ဓာကိုယ်အတွင်းသို့လျှော့ကျစေပါတယ်။အရွက်အတွင်းမှာ hydrolases နဲ့ proteases ကဲ့သို့အသာအစာခြေအင်ဇိုင်းများထုတ်ပေးကြောင်းသိရပါတယ်။ ထိုအစာခြေအင်ဇိုင်းများမှာ လျောကျသွားသောဘက်တီးရီးယားများကို အချိန်ကြာလာသည်နဲ့အမျှဘက်တီးရီးယားများကိုအက်ကွဲစေပြီး သတ္တုဓာတ်များကို ခွဲထုတ်ပေးကာအပင်အတွက်အစာအာဟာရကိုစုပ်ယူပါတယ်

ထူးခြားတဲ့ဒီရေတကောင်းပင်များဟာအစာခြေအင်ဇိုင်းများထုတ်လုပ်နိုင်သော်လည်း အပင်အရွယ်အစား ကြီးမားလာသည်နဲ့အမျှအရွက်အတွင်းမှာနေထိုင်သောဘက်တီးရီးယားများမှအင်းစက်များကိုကူညီချေဖျက် ပေးကြပါတယ်။ထူးခြားတဲ့အလှစိုပန်းပင်မျိုးစိတ်များဖြစ်ကြသလို အချို့လူမျိုးများစုများမှာတော့၎င်းအပင်များကိုဆေးဖက်ဝင်အပင်များအဖြစ်အသုံးပြုလျှက်ရှိပါတယ်။ထို့အပြင် ၂၀၁၂ ခုနှစ်တွင်လေ့လာစမ်းသပ်ခဲ့သောတွေ့ရှိချက်များအရ ကျောက်ကပ်ဆိုင်ရာရောဂါများနဲ့ ဗိုင်းရပ်စ်များနဲ့ Orthopoxvirus အုပ်စုရှိဗိုင်းရပ်စ်များအားကုသရာမှာထိရောက်မှုရှိနိုင်ကြောင်းသိရပါတယ်






