Jellyfish များနဲ့ပြည့်နေတဲ့ထူးခြားသော ဂျယ်လီငါးကန်ကြီး

//s9.kh1.co/4f/4fed740934b3d713a9d3a92f83cce7a63706a622.jpg
ဗဟုသုတအဖြာဖြာ

 ၀၅-ဖေ-၂၀၂၄ ၂pm · လွန်ခဲ့သော ၂ နှစ် က

Jellyfish များနဲ့ပြည့်နေတဲ့ထူးခြားသော ဂျယ်လီငါးကန်ကြီး

Palauနိူင်ငံ Eil Malkကျွန်းပေါ်မှာတည်ရှိနေတဲ့ ရေကန်တစ်ကန်ဟာကမ္ဘာတစ်ဝှမ်းရှိထူးခြားတဲ့နေရာတွေထဲကတစ်ခုအဖြစ်ထင်ရှားပါတယ်။ဒီရေကန်ကြီးရဲ့ထင်ရှားရခြင်းရဲ့အကြောင်းအရင်းမှာတော့ရေကန်ရဲ့ ၇၀ ရာခိုင်နှုန်းဟာ Jellyfishများနဲ့ပြည့်နေခြင်းကြောင့်ပဲဖြစ်ပါတယ်။ ထိုကဲ့သို့ ဂျယ်လီငါးများနဲ့ပြည့်နေခြင်းကြောင့်ပဲထိုရေကန်ကြီးဟာ Jellyfish Lake ဟူသောအမည်ဖြင့်ထင်ရှားကာလူသိများလာခြင်းပဲဖြစ်ပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/51/51548706b11d8a8d3f5272a6958d92119a37cd1d.jpg

Palauတောင်ဘက်ပိုင်းမှာ လူမနေသောကျွန်းငယ်များ၊ကျောက်ဆောင်များ များစွာရှိနေကာRockကျွန်းစုရဲ့တစ်စိတ်တစ်ပိုင်းဖြစ်ပြီးရေကန်ပေါင်း ၇၀ ခန့်ရှိကာသန်းပေါင်းများစွာသောရေရေခူများနဲ့ပြည့်နေပါတယ်။ထိုရေကန်များဟာ ရှေးMiocene ခေတ်မှသန္တာကျောက်တန်းများအက်ကွဲမှုများ၊လိုဏ်ပေါက်များမှတစ်ဆင့် သမုဒ္ဒရာရေနဲ့ချိတ်ဆက်နေပါတယ်။ရေကန်အတွင်းရှိရေမှာလည်းအောက်ဆီဂျင်ပျော်ဝင်နေသောရေအလွှာနဲ့ အောက်ဆီဂျင်ပျော်ဝင်မှုနည်းသောရေအလွှာဟူ၍နှစ်မျိုးရှိကာရေအလွှာတို့မှာရာသီအလိုက်ရောစပ်ခြင်းမရှိကြောင်းလည်သိရပါတယ်။ထူးခြာတဲ့ထို Jellyfish Lake ဟာကမ္ဘာပေါ်မှာရှာဖွေတွေရှိတဲ့ဆားငန်အိုင် ၂၀၀ ကျော်မှတစ်ခုလည်းဖြစ်နေပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/7d/7d21dd00faef5660b2766711da82a6bad234c71f.jpg

ကန်အတွင်းရှိရေခူမျိုးစိတ်နှစ်မျိးမှာ ကိုက်ခဲစေတတ်သော nematocytes အဆိပ်များရှိနေသော်လည်း ယျေဘုယျအားဖြင့်လူသားတို့ကိုအန္တရာယ်ဖြစ်စေ‌လောက်အောင်စွမ်းဆောင်နိုင်ခြင်းမရှိကြောင်းသိရပါတယ်။ထူးခြားတဲ့ဒီရေကန်ကြီးဟာတော့ ၂၀၁၂ ခုနှစ်မှာအကောင်အရည်အတွက်များကျဆင်းလာမှုများကြောင့် အများပြည်သူလည်ပတ်ခွင့်ကိုပိတ်ပင်ခဲ့ပြီးမကြာသေးမှီနှစ်များအတွင်းကပြန်လည်ဖွင့်လှစ်ခဲ့ကြောင်လည်းသိရပါတယ်။ရေနေ ဇီဝသက်ရှိများနဲ့ထူးခြားနေတဲ့ Jellyfish Lake ဟာအဏ္ဏဝါမျိုးစိတ်များအားစိတ်ဝင်စားသူတို့အတွက်တော့အထူးဇုန်တစ်ခုအဖြစ်တည်ရှိနေပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/92/923497b186b4da1243c3aa4c3b3bd770bbf079f1.jpg
Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T