သားပိုက်ကောင်များဟာအမြင့်ပေ ဘယ်လောက်အထိခုန်နိုင်ကြသလဲ?

//s9.kh1.co/ec/ec9121332bbbf04f5eaf5d5f10ec56a73bb0ed4e.jpg
ဗဟုသုတအဖြာဖြာ

 ၀၁-ဖေ-၂၀၂၄ ၁၀am · လွန်ခဲ့သော ၂ နှစ် က

သားပိုက်ကောင်များဟာအမြင့်ပေ ဘယ်လောက်အထိခုန်နိုင်ကြသလဲ?

Kangaroos လို့အခါ်တဲ့သားပိုက်ကောင်လေးတွေကိုတော့ ဩစတေးလျအရှေ့ပိုင်းမှာများစွာတွေ့ရပါ တယ်။ အုပ်စုလိုက်နေထိုင်တတ်ကြပြီပုံမှန်အားဖြင့်အကောင်ပေါင်း ၅၀ ကျော်နဲ့နေထိုင်တတ်ကြတဲ့သတ္တဝါမျိုးစိတ်များလည်းဖြစ်ပါတယ်။ထူးခြားတဲ့ပုံစံနဲ့သားပိုက်ကောင်လေးတွေကိုလူအများသဘောကျကြပြီးသူတို့ရဲ့အပြုအမူလေးတွေကိုလည်းချစ်ကြပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/5f/5f79d5f69ffb5a22cd59bbc5f455a3095a2d7b2b.jpg

ဒါပေမဲ့လူအများစုဟာသားပိုက်ကောင်လေးတွေအမြင့်ခုန်တတ်ကြတာကိုသိကြပေမယ့်တစ်ခါခုန်လျှင်ပျမ်းမျှဘယ်လောက်ထိခုန်နိုင်လဲဆိုတာ သတိမထားမိကြပါဘူး။သားပိုက်ကောင်များဟာအန္တရာယ်နဲ့ကြုံတွေပါက၎င်းတို့ရဲ့သန်မာတဲ့ခြေဖဝါးများကိုအသုံးပြုပြီးမြေကိုနင်းကာ သတိပေးတတ်ကြကာ၎င်းတို့လွတ်မြောက်ရာရှာဖွေတတ်သလို့ ခုန်ကာပြေးလွှားတတ်ကြပါတယ်။အမြင့်ခုန်ရာမှာလည်းမထင်မှတ်စွာပင်ပေပေါင်း ၂၇ပေ မှ ပေ၃၀ အထိမြင့်အောင်ပင်ခုန်နိုင်ကြကြောင်းလေ့လာသူတို့ဆိုထားပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/d3/d3603292aebd2fddec34b8eb65d181a53e3693fc.jpg

ထိုကဲ့သို့သားပိုက်ကောင်လေးများအမြင့်ခုန်နိုင်သည်မှာ၎င်းတို့ရဲ့သန်မာသေးငယ်သောနောက်ခြေမျာနဲ့ ရှည် လျှားခိုင်မာသောအမြီးများမှဟန်ချက်ညီအောင်ကူညီပေးထားခြင်းကြောင့်ဖြစ်ကြောင်းလည်းသိရပါတယ်။သန်မာသောခြေထောက်များဟာခုန်ကာပြေးလွားကြရုံမျှမက အုပ်စုများအတွင်းတိုက်ခိုက်ကြသည့်အခါများမှာလည်းအသုံပြုကာတိုက်ခိုက်တတ်ကြပါတယ်။လေ့လာသူတို့ရဲ့ပြောကြားချက်များအရ သားပိုက်ကောင်လေးများဟာပျမ်းမျှအားဖြင့်မိုင် ၃၀ ကျော်တဲ့ခရီးရှည်ကိုပင် တစ်နာရီမျှသာအချိန်ယူကာသွားလာနိုင်ကြကြောင်းလည်းသိရပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/89/894dcd57d41dcedcbf29583807957f9a2af27c5b.jpg
Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T