သေချာအာရုံစိုက်နားထောင်ပါ။ တစ်ဖက်လူစကားပြောနေချိန်မှာ အာရုံစိုက်ပြီးနားထောင်ပေးတာဟာ လေးစားကြောင်းပြသနေတာဖြစ်သလို ကောင်းမွန်တဲ့အမူအကျင့်တစ်ခုလည်းဖြစ်ပါတယ်။ အမြင်မတူတာ ထင်မြင်ယူဆချက်ကွဲပြားတာမျိုးရှိလာရင် အတင်းငြင်းဆန်နေတာထက် တစ်ဖက်လူရဲ့အမြင်ကိုအသိအမှတ်ပြုပေးပြီးတော့ လက်ခံပေးတတ်ရပါမယ်။

ကိုယ်သဘောမတူတဲ့အကြောင်းအရာတွေကို ငြင်းခုန်တာမျိုးမလုပ်ဘဲ လူကြီးဆန်ဆန်သဘောမတူကြောင်းနှင့်ဘာကြောင့်မတူရတာဆိုတဲ့အကြောင်းအရာတွေကိုလေးလေးနက်နက်ပြောပြပေးတတ်ဖို့လိုအပ်ပါတယ်။ အမှားလုပ်မိချိန်မှာ ဝန်ခံတတ်ပြီးအမှန်ပြင်ဆင်တတ်ဖို့လည်းလိုအပ်ပါတယ်။ ဒါ့အပြင် မလေးစားတဲ့အပြုအမူကိုတွေ့ရင်လည်း တုံ့ဆိုင်းမနေဘဲ သူတို့ကိုသတိပေးပြီးလေးစားမှုကအရေးကြီးကြောင်းပြောပြပေးဖို့လိုအပ်ပါတယ်။

ကတိတစ်ခုပေးပြီးရင် အလွယ်တကူနှင့်မချိုးဖျက်ဘဲတည်မြဲဖို့လည်းလိုအပ်တဲ့အပြင် ကိုယ့်ပတ်ဝန်းကျင်ကသူတွေရဲ့အောင်မြင်မှုကိုလည်း ဂုဏ်ပြုပေးတတ်ဖို့ချီးကျုးတတ်ဖို့လိုအပ်ပါတယ်။ ပြိုင်ဖက်တွေဖြစ်နေရင်တောင်မှ ဒုက္ခတွေကြုံရချိန်မှာကူညီပေးပြီး အတတ်နိုင်ဆုံးဂရုစိုက်ပေးတတ်တာကလည်း လေးစားမှုကိုဖော်ပြတဲ့နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။






