Healthy Relationship တစ်ခုကိုပိုင်ဆိုင်နိုင်ဖို့နည်းလမ်းကောင်းများ

//s9.kh1.co/2c/2c4953b04ca2eb08fdee7f3e39b0cc68841c0b60.jpg
ဗဟုသုတအဖြာဖြာ

 ၂၅-ဇန်-၂၀၂၄ ၂pm · လွန်ခဲ့သော တစ်နှစ် က

Healthy Relationship တစ်ခုကိုပိုင်ဆိုင်နိုင်ဖို့နည်းလမ်းကောင်းများ

ဆက်ဆံရေးကောင်းတစ်ခုကိုပိုင်ဆိုင်နိုင်ဖို့ဆိုရင် နှစ်ဖက်လုံးဟာ အပြန်အလှန်နားလည်မှုရှိပြီးတော့ ဒီလိုဆက်ဆံရေးကောင်းတစ်ခုကိုပိုင်ဆိုင်ချင်စိတ်ရှိနေကြဖို့လိုအပ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာအရ နက်ရှိုင်းတဲ့ဆက်နွယ်မှုတွေရှိသင့်တဲ့အပြင် တစ်ယောက်ကိုတစ်ယောက်အချိန်ပေးဂရုစိုက်တာတွေကလည်း လိုအပ်တဲ့အရာပါ။ အချင်းချင်းကြားမှာ သတ်မှတ်ချက်တွေရှိပြီးတော့ ထိန်းချုပ်ထားတဲ့စည်းမျဥ်းတွေမရှိသင့်ပါဘူး။

https://s9.kh1.co/__image/w=564,h=704,q=100/03/034bd4a32237b76c5e603c2ef5050a1dcd1d79dd.png

ဆက်ဆံရေးကောင်းဖို့လိုအပ်တယ်ဆိုပေမဲ့ အပြင်လူတွေဖြစ်တဲ့ သူငယ်ချင်း မိသားစုဝင်တွေနှင့်ဆက်ဆံရေးကိုလည်းတိုးတက်အောင်လုပ်သင့်ပါတယ်။ ပြင်ပဆက်ဆံရေးတွေရှိမှသာ ဆက်ဆံရေးမှာပြဿနာကြုံလာတဲ့အခါအလွယ်တကူဖြေရှင်းနိုင်မှာပါ။ ရိုးသားမှုနှင့်ပွင့်လင်းမှုရှိပြီးတော့ ခိုင်မာတဲ့ယုံကြည်မှုဟာဆက်ဆံရေးကောင်းတစ်ခုရဲ့အုတ်မြစ်တစ်ခုပါပဲ။

https://s9.kh1.co/__image/w=564,h=846,q=100/3b/3b46e9d74be73053bf7593302d3d179499daa6b4.png

ပြဿနာတွေကို နှစ်ယောက်သားတိုင်ပင်ဖြေရှင်းပြီးတော့ အမှားလုပ်မိရင်ခွင့်လွှတ်တတ်ဖို့နှင့်တောင်းပန်တတ်ဖို့လည်းလိုအပ်ပါတယ်။  နောက်ဆုံးအချက်အနေနှင့် ကိုယ့်ကိုယ်ကိုယ်ချစ်တတ်ဖို့လည်းလိုအပ်ပါတယ်။ တစ်ဖက်လူကိုလေးစားမှုပေးပြီး ကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခုတည်ဆောက်ချင်တယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ်ချစ်တတ်ဖို့ကအရေးကြီးတဲ့အချက်ဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=564,h=846,q=100/4c/4cfc0a72aa9254a7ff090a1b4e04fe87cb8137f6.png
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T