ကြောင်တွေဟာ ကျွန်တော်တို့ လူသားတွေနှင့် အရင်းအနှီဆုံး အိမ်မွေး တိရစ္ဆာန်တွေဖြစ်ပါတယ်။

ကြောင်တွေကို ဘယ်အချိန်ကတည်းက လူသားတွေရဲ့ အိမ်မွေးတိရစ္ဆာန်ဖြစ်ခဲ့တာလဲလို့ ပညာရှင်တွေအနေနဲ့ လေ့လာရှိဖွေခဲ့ကြပေမယ့် တိကျတဲ့ ဖြေရှင်းချက်တော့ မရရှိခဲ့ကြပါဘူး။

ပညာရှင်အချို့ရဲ့ ဖော်ပြချက်တွေထဲမှာတော့ တောရိုင်းကြောင်တွေကို အီဂျစ်လူမျိုးတွေက ပထမဆုံးမွေးခဲ့ကြတာလို့ ဆိုပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ ၂၀၀၄ ခုနှစ်တုန်းက ပြင်သစ်ရှေးဟောင်းသုတေသနပညာရှင်များဟာ ဆိုက်ပရပ်စ်မှာ နှစ်ပေါင်း ၉၅၀၀ သက်တမ်းရှိ ကြောင် ရုပ်ကြွင်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဲ့ဒီကြောင် ရုပ်ကြွင်းဟာ ရှေးကျတဲ့ အိမ်မွေးကြောင်အဖြစ် ပညာရှင်တွေက သတ်မှတ်ခဲ့ကြပါတယ်။

Source - google





