ရိုးရှင်းလွယ်ကူတဲ့နည်းနဲ့ ရခိုင်ထမင်းသုပ် သုပ်စားကြမယ်

//s9.kh1.co/14/14dd447f0b76b8baa7ff02af320efa4c31a3a113.jpg
ဗဟုသုတအဖြာဖြာ

 ၁၇-အောက်-၂၀၂၃ ၂pm · လွန်ခဲ့သော ၂ နှစ် က

ရိုးရှင်းလွယ်ကူတဲ့နည်းနဲ့ ရခိုင်ထမင်းသုပ် သုပ်စားကြမယ်

ရခိုင်အစားစာတွေကို ချစ်မြတ်နိုးကြိုက်နှစ်သတ်သူတွေကတော့ ရခိုင်ထမင်းသုပ်နဲ့ မစိမ်းကြဘူးလို့ ထင်ပါတယ်။ အရသာလည်းရှိပြီး လုပ်ရတာလည်း လွယ်ကူလို့ မင်မင်ကတော့ ဟင်းမစားချင်တဲ့ခါ ရခိုင်ထမင်းသုပ်ကို လုပ်စားဖြစ်ပါတယ်။

ဒီတော့ မင်မင် လုပ်စားဖြစ်တဲ့ ရခိုင်ထမင်းသုပ် လုပ်ပုံလုပ်နည်းလေးကို အခုတစ်ခါမှာ ပြန်လည်မျှဝေသွားမှာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=640,h=503,q=100/31/31b7f6981cb22cc4e1a49be5cc8de1bcce710731.jpg

လုပ်နည်းကို မပြောခင်မှာ လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေက

(၁)  ထမင်းဖြူ

(၂) ငရုတ်သီးစိမ်းအနည်းငယ်

(၃) မျှင်ငါးပိ

(၄) အသင့်စား မြေပဲ

(၅) သခွားသီး

(၆) ခရမ်းချဉ်သီး နှင့် နံနံပင် တို့ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=564,q=100/19/198c73c7b8211174a145df163f6b361e0f16b900.jpg

ပြုလုပ်နည်း…………………………

အရင်ဆုံး ငရုတ်သီးစိမ်းကို ပြုတ်ပြီး မျှငါးပိဖြင့် ရောပြီးထောင်းပေးပါ။ ပြီးရင် ထောင်းထားတဲ့ ငရုတ်သီး၊ ထမင်းဖြူ ၊ ဆီအနည်းငယ် နှင့် မိမိကြိုက်နှစ်သက်သလောက် အချိုအငန်အားလုံးထည့်ပြီး နှံ့အောင်နယ်လိုက်ပါ။

https://s9.kh1.co/__image/w=650,h=476,q=100/94/944831760911d126d4284d7e4baca24e1bfafb2e.jpg

မြေပဲ ၊ သခွာသီး ၊ ခရမ်းချည် နှင့် နံနံပင် တို့ကိုတော့ မိမိစားတော့မယ့်အချိန်မှာ အပေါ်ကနေ အလှဆင်ပြီး ကြိုက်နှစ်သက်သလို သုံးဆောင်လို့ရပါပြီ။ ကဲ.. ရိုးရှင်းလွယ်ကူတဲ့ ရခိုင်ထမင်းသုပ်နည်းကို သိပြီဆိုတော့ အခုပဲ သုပ်စားကြည့်လိုက်ပါနော်..။

သတင်း အရင်းအမြစ် Source – ZinGyi

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T