ထမင်းကိုမသိုးဘဲ ကြာရှည်အထားခံအောင် လုပ်နည်း

//s9.kh1.co/7f/7fd92e3aa2a96a397044a3eadedb613efd49fcdb.jpg
ဗဟုသုတအဖြာဖြာ

 ၁၆-အောက်-၂၀၂၃ ၁၁am · လွန်ခဲ့သော ၃ နှစ် က

ထမင်းကို မသိုးဘဲ ကြာရှည်အထားခံအောင် လုပ်နည်း

ထမင်းကို မနက်ပိုင်းချက်ပြီး ညနေပိုင်းတွေမှာ သိုးနေလို့ တစ်အိုးလုံးသွန်ပစ်လိုက်ရတဲ့ အခါမျိုးတွေကို အိမ်ရှင်မတွေ တော်တော်များများ ကြုံဖူကြမှာပါ။ ပူပြင်းတဲ့ နွေရာသီတွေဆိုရင် ဒီလိုဒုက္ခမျိုးတွေကို ပိုပြီးအဖြစ်များကြပါတယ်။ ကိုယ့်အိမ်မှာ ထမင်းချက်လိုက်တိုင်း တာရှည်မခံဘဲ ခဏခဏ အိုးလိုက်သွန်ပစ်လိုက်တဲ့ အိမ်ရှင်မတွေ ဒီထဲမှာပါလာရင်တော့ ကံကောင်တယ်လို့ မှတ်လိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒီတစ်ခါမှာ မင်မင်က ထမင်းချက်တိုင်း ခဏခဏသိုးနေလို့ စိတ်ညှစ်နေတဲ့ အိမ်ရှင်မတွေအတွက် ထမင်းကိုမသိုးဘဲ ကြာရှည် အထားခံအောင်လုပ်နည်းကို ပြန်လည်မျှဝေသွားမှာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=564,q=100/19/198c73c7b8211174a145df163f6b361e0f16b900.jpg

ထမင်းကို မသိုးဘဲ ကြာရှည် အထားခံဖို့ဆိုရင် အဓိက အချက် (၂) ပဲ သေချာဂရုတစိုက်လုပ်ရမှာပါ။

(၁) ကိုယ်က ဆန်ကို ဆေးတဲ့ နေရာမှာ သေချာသန့်စင်အောင် ဆေးကြောဖို့ လိုပါတယ်။ ရေ ၄၊၅ ထပ်လောက် ဆေးရရင် ဆေးလိုက်ပါ။

https://s9.kh1.co/__image/w=650,h=434,q=100/e8/e8cf45bf7cccdf9249a0a26deca7ad3d97854362.jpg

(၂) မိမိချက်တဲ့ ဒန်အိုး(သို့) ပေါင်းအိုးကို ထမင်းမချက်ခင်မှာ အိုးကို သန့်ဖို့လိုပါတယ်။ အိုးမသန့်ရင်တော့ ထမင်းချက်တိုင်း တာရှည်မခံဘဲ သိုးတာကိုပဲ ကြုံနေရအုံးမှာပါ။ ဒီတော့ ချက်ပြုတ်မယ့်အိုးကို သန့်နေအောင် အရင်ဆုံး အဲ့အိုးထဲရေထည့်ပြီး ရေနွေးကိုပွက်ပွက်ဆူအောင်တည်ပါ။ ပြီးရင် ရေနွေးတွေသွန်ပစ်ပြီးအခြောက်ခံပါ။ အိုးခြောက်သွားပြီဆိုရင် ဆားနဲ့သေချာပွတ်တိုက်ပေးပြီး ဆပ်ပြာနှင့် သေချာဆေးပေးရပါမယ်။

https://s9.kh1.co/__image/w=650,h=488,q=100/cc/cc71a2de4bbc6f78242004c15d8b654e66b036bc.jpg

ဒီအချက် (၂) ချက်ကို သတိထားလုပ်ပေးမယ်ဆိုရင် မိမိအိမ်မှာ ထမင်းချက်တိုင်း အိုးလိုက်သွန်ပစ်ရတဲ့ ဒုက္ခနှင့် ဝေးကွာသွားမှာ ဖြစ်ပါတယ်။

နောက်ထပ် ထမင်းတာရှည်ခံတဲ့ နည်းလမ်းတစ်ခုက ထမင်းချက်ပြီးတာနဲ့ အိုးထဲမှာပဲမထားဘဲ အပြင်မှာ စကာလေးထဲထည့်ပြီး ထားကြတာဖြစ်ပါတယ်။ ဒီနည်းလမ်းက နယ်ဘက်တွေမှာဆိုရင် အသုံးများကြတာတွေ့ရပါတယ်။

သတင်း အရင်းအမြစ် Source – ZinGyi

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T