ဒီတစ်ခါမှာတော့ ထောပတ်ထမင်းကို မိမိအိမ်မှာပဲ အလွယ်တကူ ချက်စားလို့ရအောင် ထမင်းပေါင်းအိုးနှင့် ချက်တဲ့နည်းလမ်းလေးကို မျှဝေသွားမှာ ဖြစ်ပါတယ်။ ကဲ…ဒါဆိုရင် စလိုက်ကြရအောင်..

အရင်ဆုံး ချက်နည်းလေးကို မပြောင်ခင် လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကို ပြောပြပါမယ်
(၁) ပေါ်ဆန်းမွှေးဆန်
(၂) ထောပတ်
(၃) သကြားအနည်းငယ်
(၄) သီဟိုစေ့ ၊ ပဲစိမ်းလုံး နှင့် စပျစ်ခြောက် တို့ဖြစ်ပါတယ်။

ချက်ပုံချက်နည်း
ပထမဦးဆုံး ဆန်ကို ဆေးကြောပြီး ထမင်းပေါင်းထဲ ရေလက်တစ်ဆစ် ၊ ဆာအနည်းငယ်နှင့် သကြား ထည့်ပြီး ချက်ပေးထားရပါမယ်။ ပြီးရင် ထမင်းရေခမ်းပြီး ခလုတ်တက်ခါနီးမှာ ထောက်ပတ်ဆီ အနည်းငယ်၊ ပဲစိမ်းလုံး ၊ သီဟိုစေ့ နှင့် စပျစ်ခြောက် တို့ကိုထည့်ပြီး မွှေလိုက်ပါ။

ခလုတ်တက်သွားပြီဆိုရင်တော့ ပြီးပြည့်စုံပြီး သင်းပျံ့မွှေးကြိုင်းတဲ့ ထောပတ်ထမင်းကို စားလို့ရပါပြီ။ ချက်နည်းလေးပြောပြပြီးပြီဆိုတော့ အခုပဲ ချက်စားကြည့်ကြပါနော်…။
သတင်း အရင်းအမြစ်៖ Source – ZinGyi