အိမ်မှာပဲ လွယ်လွယ်ကူကူ ပုစွန်အစိမ်းသုပ် ယိုးဒယားစတိုင်လ် လုပ်စားကြမယ်

//s9.kh1.co/3e/3ef69192e494d1d4c0c0e8b71b96d81053222196.jpg
ဗဟုသုတအဖြာဖြာ

 ၁၃-အောက်-၂၀၂၃ ၁၀am · လွန်ခဲ့သော ၂ နှစ် က

အိမ်မှာပဲ လွယ်လွယ်ကူကူ ပုစွန်အစိမ်းသုပ် ယိုးဒယားစတိုင်လ် လုပ်စားကြမယ်

ဒီအထဲမှာ ပုစွန်အစိမ်းသုပ်ကို စားဖူးတဲ့သူတွေရှိလား …?။ မြန်မာနိုင်ငံမှာတော့ ပုစွန်အစိမ်းသုပ်စားကြသူတွေ ခပ်ခပ်ရှားရှားဖြစ်ပေမယ့် အိမ်နီးချင်း ထိုင်းနိုင်ငံမှာတော့ တွင်းတွင်းကျယ်ကျယ် စားသောက်ကြတဲ့ ဟင်းလျာဖြစ်ပါတယ်။ လက်ဆတ်တဲ့ ပုစွန်တွေကို ချဉ်ချဉ်စပ်စပ် မြိန်ရေရှက်ရေ စားသောက်နေကြတာတွေက ကြည့်မိတဲ့သူတိုင်း သွားရည်ကျစေပါတယ်။ အဲ့လိုသွားရည်မကျအောင် အိမ်မှာပဲ ယိုးဒယားစတိုင်လ် အလွယ်လုပ်စားလို့ရတဲ့ ပုစွန်အစိမ်းသုပ် နည်းလမ်းလေးကို မင်မင်က မျှဝေသွားမှာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=571,h=352,q=100/eb/eb04ba6aa0622b92fc9c0869fe22d0a714c17306.jpg

ကဲ…ဒီတော့ ယိုးဒယားစတိုင်လ် ပုစွန်မသုပ်ခင် ထုံစံအတိုင်း ပါဝင်ပစ္စည်းတွေကို ပြောပြပါမယ်…

(၁) လတ်ဆတ်တဲ့ ပုစွန်

(၂) ကြက်သွန်ဖြူ

(၃) ယိုးဒယားငါးပြာရည်

(၄) သကြားအနည်းငယ်

(၅) နံနံပင်

(၆) ငရုတ်သီးစိမ်း

(၇) သံပရာသီး(သို့)ရှောက်သီး တို့ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/6f/6f8f604558bbbdd6a4a8b39065070a169f24c2d1.jpg

ပြုလုပ်ပုံကတော့ အရင်ဦးဆုံး လတ်ဆက်တဲ့ ပုစွန်တွေကို သေချာကိုင်ပြီး ရေသန့်စင်အောင်ဆေးပါ။ ပြီးရင် သံပရာရည်(သို့) ရှောက်ရည်ညှစ်ထည့်ပြီး မိနစ်အနည်းငယ်နှပ်ထားရပါမယ်။

https://s9.kh1.co/__image/w=650,h=492,q=100/54/54b1a46bdac66f94b9a5b8f921c8c916d5f338c6.jpg

ဒီလို သံပရာရည်(သို့) ရှောက်ရည်နှင့် နှပ်ထားခြင်းက ပုစွန်အသားကို ကျက်သွားစေမှာ ဖြစ်ပါတယ်။ ပြီးနောက် ထောင်းထားတဲ့ ကြက်သွန်ဖြူနှင့်ငရုတ်သီးစိမ်း အပြင် သကြား ၊ ယိုးဒယားငါးပြာရည် နှင့် နံနံပင်များညှပ်ထည့်ရပါမယ်။

https://s9.kh1.co/__image/w=650,h=650,q=100/47/47e887a0c71d1cae96de90d11bab61016266d1fb.jpg

ဒါဆိုရင် မိမိစားချင်တဲ့ ယိုးဒယားစတိုင်လ် ပုစွန်အစိမ်းသုပ်ကို အရသာရှိရှိစားလို့ရပါပြီ။ ပုစွန်ကို အစိမ်းအစားရဲတဲ့သူတွေဆိုရင်တော့ ရေနွေးလေးဖျောပြီး ပုံစံတူ သုပ်စားလို့ရပါတယ်။ ယိုးဒယားစတိုင်လ် ပုစွန်အစိမ်းသုပ်နည်းလေးကို သိပြီးဆိုရင် အခုပဲသုပ်စားကြည့်ကြပါနော်…။

သတင်း အရင်းအမြစ် Source- ZinGyi

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T