ပုံမှန်မဟုတ်သော အဖြူရောင်ကိုယ်ထည်ရှိ တိရစ္ဆာန်များ

//s9.kh1.co/7e/7e350395bdcb8e72103aeb8bcf3a149462dfdd17.jpg
MPT

 ၀၃-အောက်-၂၀၂၃ ၁pm · လွန်ခဲ့သော ၉ လ က

ရှားပါးမျိုးစိတ် သက်ရှိများ၏ သီးသန့်ဖြစ်တည်မှု

1) White Yak

တိဗက်နွားတစ်မျိုးဖြစ်ပြီး အဖြူရောင် ကိုယ်ထည်ရှိသည်။ ပုံမှန်နွားများသည် အမဲရောင်ဖြစ်သော်လဲ ဟိမ၀န္တာတောင်တန်းတစ်လျှောက်မှ နွားများသည် ဖြူစွတ်ကြသည်။ ရုရှားတောင်ပိုင်း၊ မွန်ဂိုလီးယား နှင့် တိဗက် သို့ခရီးထွက်လျှင် White Yak များကို မြင်တွေ့နိုင်သည်။ သို့သော် ရှားပါးမျိုးစိတ်ဖြစ်သည့်အတွက် တွေ့ရန်အလွန်ခက်သည်။ ဖြူဖွေးသောကိုယ်ထည်နှင့် ဌက်မွေးပမာ အမွှေးများက White Yak များ၏ ဂုဏ်ကျက်သရေဖြစ်သည်။ 

White Yak
White Yak

2) Snowy Owls

နှင်းဇီးကွက်များတွင် အထီးများသည် အရွယ်ရောက်လာသည်နှင့်အမျှ ပိုမိုဖြူစွတ်သည့် အမွှေးအမျှင်များကိုပိုင်ဆိုင်ကြသည်။ အမများမှာမူ အညိုရင့်ရောင်အဖြစ်သာ ကျန်ရစ်ပြီး ထပ်မံဖြူလာခြင်းမရှိတော့ပါ။ Tundra ဟုအမည်ရသော ပွင့်လင်းအာတိတ်ဒေသများတွင် နေထိုင်ကြသည်။ နှင်းဇီးကွက်များ၏ အမြင်အာရုံကောင်းမွန်မှုသည် နှင်းများ သို့မဟုတ် အပင်ထူထပ်သောအလွှာများအောက်ရှိ သားကောင်များကိုပင် မြင်နိုင်စွမ်းရှိကြသည်။ 

Snowy Owls
Snowy Owls

3) Honduran White Bat

ဟွန်ဒူးရပ်စ် လင်းနို့ဖြူများသည် အရှည် 3.7 မှ 4.7 စင်တီမီတာ ရှိကြသည်။ တစ်ကိုယ်လုံးဖြူစွတ်နေပြီး နား၊ နှာခေါင်း၊ ခြေထောက်နှင့်အတောင်များသည် လိ‌‌မ္မော်ရောင် ရှိကြသည်။ ပုံမှန်လင်းနို့များကဲ့သို့ အနက်ရောင်တောင်ပံနှင့်ကိုယ်ထည်မရှိပါ။ နေ့တွင်အိပ်စက်ပြီး ညအခါအစာရှာထွက်ကြသော ဟွန်ဒူးရပ်စ်လင်းနို့များသည်သွေးစုပ်ရန်အတွက်မဟုတ်ပဲ အသီးအနှံ သို့မဟုတ် အသီးအရွက်များကိုသာ ရှာဖွေစားသောက်ကြပါသည်။ 

Honduran White Bat
Honduran White Bat

သတင်း အရင်းအမြစ်7esl.com/black-and-white

Heather
Ei Me Me Lwin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T