ရွှေငါးတွေရဲ့ စိတ်ဝင်စားစရာကောင်းတဲ့အချက်အလက်များ

//s9.kh1.co/5b/5b46a20d1e81debfd77e401344a72d978af207b5.jpg
MPT

 ၂၆-ဇွန်-၂၀၂၄ ၃pm · လွန်ခဲ့သော ၃ ရက် က

ရွှေငါးတွေရဲ့ စိတ်ဝင်စားစရာကောင်းတဲ့အချက်အလက်များ

ရွှေငါးတွေဟာ လူသားတွေရဲ့အလှမွေးငါးတွေအဖြစ်မွေးမြူထားကြလေ့ရှိတဲ့ငါးအမျိုးအစားဖြစ်ပါတယ်။ လှပတဲ့အရောင်အဆင်းရှိတဲ့ဒီငါးတွေဟာ ငါးအမျိုးမျိုးကိုသားဖောက်ပြီးလူတွေဖန်တီးခဲ့ကြတဲ့မျိုးစိတ်တစ်ခုဖြစ်ပါတယ်။ ရွှေငါးတွေဟာတစ်ခြားငါးတွေလိုပဲ ကျင်ငယ်ရည်စွန့်ထုတ်ခြင်းမရှိကြပါဘူး။ သူတို့ရဲ့ရေယက်တွေကနေတစ်ဆင့်ပဲ အမိုနီးယားတွေကိုသန့်စင်လိုက်တာကြောင့် ကျင်ငယ်ရေစွန့်ဖို့မလိုတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=330,h=330,q=100/49/49ed81a0ea65e244b70a697dec94aa5eb6341aeb.jpg

ရွှေငါးလို့ဆိုပေမဲ့ ဒီငါးအမျိုးအစားဟာနေထိုင်တဲ့နေရာနှင့် အလင်းရောင်ရရှိမှုကိုလိုက်ပြီးတော့ အရောင်အမျိုးမျိုးပြောင်းလဲနိုင်ပါတယ်။ မွေးစမှာ အညိုရောင်ရှိပေမဲ့ နေရောင်ခြည်ရပြီးနောက်မှာတောက်ပတဲ့ရွှေရောင် လိမ္မော်ရောင်နှင့်တစ်ခြားအရောင်စပ်တွေဖြစ်လာတတ်ပါတယ်။ သူတို့ဟာ သဘာဝထဲမှာလွှတ်ထားရင်အတော်လေးကြီးနိုင်ပေမဲ့ အိမ်မွေးငါးတွေဖြစ်တာကြောင့် သာမာန်အားဖြင့်ပုံမှန်အရွယ်အစားပဲရှိတတ်ကြပါတယ်။ 

https://s9.kh1.co/__image/w=563,h=458,q=100/d0/d099432f05d3c5610fcd09d8e2257b0f88bef5ee.jpg

သူတို့ဟာ အေးခဲနေတဲ့ရေထဲမှာလည်း ဆောင်းခိုတဲ့နည်းလမ်းနှင့်အချိန်အတော်ကြာအသက်ရှင်နိုင်ကြပါတယ်။ ဒါပေမဲ့ အိမ်မွေးရွှေငါးတွေကိုတော့ အပူချိန် ၇၀ ဒီဂရီဖာရင်ဟိုက်မှာပဲ မွေးမြူထားသင့်ပါတယ်။ သူတို့ဟာအိမ်မွေးငါးတွေဖြစ်တာကြောင့်သေချာဂရုစိုက်ပေးရင် နှစ်ပေါင်းလေးဆယ်လောက်အထိအသက်ရှည်ကြပါတယ်။ ဒါ့အပြင် ရွှေငါးတွေဟာလူတွေပြောသလိုစက္ကန့်ပိုင်းပဲ မှတ်ဉာဏ်ရှိတာမဟုတ်ဘဲ လူတွေရဲ့မျက်နှာကိုတောင်မှတ်မိနိုင်ပြီး သုံးလကြာရှည်တဲ့မှတ်ဉာဏ်ရှိကြပါတယ်။

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T