ပီရူးမှာ နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိတဲ့ မမ်မီရုပ်အလောင်းကို ရှာဖွေတွေ့ရှိ

//s9.kh1.co/ee/ee162e0bca017347f896ecc503b36b89cfe86b44.jpg
ဗဟုသုတအဖြာဖြာ

 ၀၈-စက်-၂၀၂၃ ၃pm · လွန်ခဲ့သော တစ်နှစ် က

ပီရူးမှာ နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိတဲ့ မမ်မီရုပ်အလောင်းကို ရှာဖွေတွေ့ရှိ

ပီရူးနိုင်ငံ မြို့တော် လီမာမှာ အရွယ်ရောက်ပြီးသူလို့ ယူဆရတဲ့ နှစ် ၁၀၀၀ သက်တမ်းရှိ မမ်မီရုပ်အလောင်းတစ်လောင်းကို ရှေးဟောင်းသုတေသန ပညာရှင်များက ရှာဖွေတွေ့ရှိခဲ့ပါတယ်။ 

https://s9.kh1.co/__image/w=650,h=366,q=100/53/5391d3f86f2e169bedacccf5b23793551199ff39.jpg
https://s9.kh1.co/__image/w=650,h=366,q=100/fd/fdac73d09fca4cd2ce4411ee0757e038bf8523b0.jpg

အဆိုပါ မမ်မီရုပ်အလောင်းနဲ့အတူ ရှေးဟောင်း ကြွေထည်အိုးတွေအပြင် အထည်အလိပ်နှစ်ခုပါ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ ပညာရှင်တွေ ရှာဖွေတွေ့ရှိတဲ့ အချိန်မှာ မမ်မီရုပ်အလောင်းကို ကွေးနေတဲ့ အနေအထားဖြင့် မြုပ်နှံထားတာတွေ့ရပြီး သူ့ရဲ့ဆံပင်တွေက ယခုအချိန်ထိ မပျက်စီးသေးပဲရှိနေသေးပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/41/4131cf014d3089d03d8ce8b1277066c0331df9fc.jpg
https://s9.kh1.co/__image/w=650,h=434,q=100/d3/d3bbf3fabd9f28ae00c5c97972ed86efcd114503.jpg

ပညာရှိများကတော့ ဒီမမ်မီရုပ်အလောင်းဟာ လီမာတောင်ဘက်မှာ နေထိုင်ကြတဲ့ Yschsma မျိုးနွယ်စုဖြစ်နိုင်ပြီး ခန့်မှန်းခြေ နှစ် ၁၀၀၀ လောက်ရှိမယ်လို့ ယူဆခဲ့ကြပါတယ်။ ဒါ့အပြင် ဒီရုပ်အလောင်းဟာ ယခုနှစ် ပီးရူးမှာ  တွေ့ရှိခဲ့တဲ့ ရှေးဟောင်းရုပ်ကြွင်းများမှာ နောက်ဆုံးတွေ့ရှိဖြစ်မယ်လို့ ခန့်မှန်းထားကြပါတယ်။ ပြီးခဲ့တဲ့ ဇွန်လတုန်းကလည်း ပီရူးနိုင်ငံရဲ့ တောင်ထိပ်တစ်နေရာမှာ အရွက်တွေနဲ့ ဖုံးအုပ်ထားတဲ့ မမ်မီရုပ်အလောင်းတစ်ခုကိုလည်း ရှာဖွေတွေ့ရှိခဲ့ပါသေးတယ်။ 

သတင်း အရင်းအမြစ်Source - ABC

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T