သေချင်းတရားဟာ တကယ်တော့ ကျွန်တော်တို့ လူသားတွေအတွက် မထူးဆန်းတော့ပါဘူး။ ဖျားနာခြင်း၊ မတော်တဆဖြစ်ခြင်း၊ သို့မဟုတ် အသက်ကြီးရင့်လာခြင်း စသည့်အကြောင်း တစ်ခုခုကြောင့် သေခြင်းတရားကို ရှောင်လွှဲလို့မရဘဲ မလွဲမသွေ ရင်ဆိုင်နေရတာဖြစ်ပါတယ်။ သေချင်းတရားဆိုလို့ တရားဟောတယ်လို့ မထင်လိုက်ပါနဲ့။

အခုပြောပြမှာက မိနစ်၊စက္ကန့်တိုင်း ကျွန်တော်တို့ ကမ္ဘာပေါ်မှာ လူသေဆုံးနေကြတဲ့ ပညာရှင်တွေရဲ့ ခန့်မှန်းနှုန်းထားပါ။ လေ့လာတွေ့ရှိချက်တွေအရ ကမ္ဘာပေါ်မှာ စက္ကန့်တိုင်း ကလေး ၄ ယောက် မွေးဖွားလာကြပေမယ့် တစ်ချိန်တည်းမှာ လူ ၂ ယောက်နီးပါး သေဆုံးနေတယ်လို့ ဆိုပါတယ်။

ဆိုလိုတာက တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ အကြမ်းဖျင်းအားဖြင့် တစ်မိနစ်လျှင် လူ ၁၀၆ ဦး ၊ တစ်နာရီလျှင် လူ ၆၃၉၂ ဦး နှင့် တစ်ရက်လျှင် လူ ၁၅၃၄၂၄ ဦး ၊ တစ်နှစ်လျှင် လူ ၅၆ သန်း သေဆုံးနေကြတာ ဖြစ်ပါတယ်။ မည်သို့ပင်စေကာမူ ကျွန်တော်တို့ သိထားရမှာက နိုင်ငံတစ်နိုင်ငံချင်းစီရဲ့ သေဆုံးမှုနှုန်းဟာ နိုင်ငံအတွင်း နေထိုင်တဲ့ လူဦးရေ၊ ကျန်းမာရေး စောင့်ရှောက်မှုနှင့် အခြားကြောင်းအရင်း အမျိုးမျိုးပေါ်မူတည်ပြီး သေဆုံးတဲ့ ကိန်းဂဏန်းတွေက အချိန်နှင့်အမျှ ပြောင်းလဲသွားနိုင်ပါတယ်။

သတင်း အရင်းအမြစ်៖ Source - bestlifeonline