ကမ္ဘာပေါ်ရှိ တိုက်ခတ်ဖူးသမျှ မုန်တိုင်းတွေထဲမှာ မှတ်တမ်းတင်ထားတဲ့ အဆိုးရွားဆုံး လေတိုက်နှုန်း

//s9.kh1.co/8a/8aa0be538b155182cf140356a77bd8d5c80e77ff.jpg
ဗဟုသုတအဖြာဖြာ

 ၂၁-သြ-၂၀၂၃ ၁၀am · လွန်ခဲ့သော တစ်နှစ် က

ကမ္ဘာပေါ်ရှိ တိုက်ခတ်ဖူးသမျှ မုန်တိုင်းတွေထဲမှာ မှတ်တမ်းတင်ထားတဲ့ အဆိုးရွားဆုံး လေတိုက်နှုန်း

ကမ္ဘာပေါ်က အမြင့်ဆုံး လေတိုက်နှုန်းကို ဘယ်လောက်ထိမြင်ဖူးကြသလဲ...?။ ယနေ့ခေတ် ကမ္ဘာပေါ်မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းတွေရဲ့  အမြင့်ဆုံးလေတိုက်နှုန်းဟာ ပျမ်းမျှအားဖြင့် တစ်နာရီလျှင် မိုင် ၁၆၀ မှ ၁၇၀ နှုန်းဝန်းကျင်အထိ တိုက်ခိုက်ကြပါတယ်။

https://s9.kh1.co/__image/w=601,h=601,q=100/ec/eca425f554c8e09099da81cf8b28f0fb3884c132.jpg

ဒါပေမယ့် ကမ္ဘာပေါ်မှာ မယုံနိုင်စရာ အမြင့်ဆုံး လေတိုက်နှုန်းတစ်ခုကို ပြောရမယ်ဆိုရင်တော့ Olivia လို့ အမည်ပေးထားတဲ့ အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းပါ။ Olivia မုန်တိုင်းဟာ ကမ္ဘာပေါ်ရှိ တိုက်ခတ်ဖူးသမျှ မုန်တိုင်းတွေထဲမှာ မယုံနိုင်စရာ လေတိုက်နှုန်းကို စံချိန်တင်ချိုးဖျက်ခဲ့ပါတယ်။ 

https://s9.kh1.co/__image/w=650,h=434,q=100/46/460f44ef13c1a4ca28976961652e6d8f4187abb2.jpg
https://s9.kh1.co/__image/w=650,h=428,q=100/12/1210d4c1114f505be95c29f42b6adf52bee7972e.jpg

Olivia ဆိုင်ကလုန်းမုန်တိုင်းဟာ ၁၉၉၆ ခုနှစ်က သြစတြေးလျနိုင်ငံ၊ ဘားရိုး ကျွန်းကမ်းလွန်ကို ဝင်ရောက်တိုက်ခတ်ခဲ့တာဖြစ်ပြီး သူ့ရဲ့ လေတိုက်နှုန်းဟာ တစ်နာရီလျှင် ၂၅၃ မိုင်နှုန်းထိရှိခဲ့ပါတယ်။ ဒါဟာ ၁၉၃၄ ခုနှစ်က အမေရိကန် နယူးဟမ်ရှိုင်းယားပြည်နယ်မှာ မှတ်တမ်းတင်ထားတဲ့ တစ်နာရီ လေတိုက်နှုန်း ၂၃၁ နှုန်းကို ကျော်ဖြတ်ပြီး အမြင့်ဆုံးလေတိုက်နှုန်းကို စံချိန်တင်ခဲ့တာ ဖြစ်ပါတယ်။ 

သတင်း အရင်းအမြစ်Source - Bestlifeonline

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T