ကမ္ဘာ့အလေးဆုံးအင်းဆက်တွေဖြစ်တဲ့ ဝီတာခေါ် ဧရာမပုရစ်မျိုးစိတ်…

//s9.kh1.co/d2/d27620dbc4d9d62c0462dfb75e6a73e13e6ff617.jpg
ဗဟုသုတအဖြာဖြာ

 ၂၈-လိုင်-၂၀၂၃ ၂pm · လွန်ခဲ့သော ၃ နှစ် က

အရွယ်မရောက်မီ (၉) ကြိမ်အထိ အရေခွံလဲကြပါတယ်..

သာမန်ပုရစ်တွေနဲ့မတူဘဲ ကြီးမားပြီးလေးလံတဲ့ ဝီတာပုရစ်တွေကို ကမ္ဘာ့အလေးဆုံးအင်းဆက်တွေအဖြစ် သတ်မှတ်ကြပါတယ်။ အဆိုပါပုရစ်တွေကို နယူးဇီလန်နိုင်ငံမှာ တွေ့ရတတ်ပြီး ကြွက်နှင့်ဖြူကောင်တွေရဲ့ အမဲလိုက်ခံရမှုကြောင့် မျိုးတုန်းမယ့်အန္တရာယ်နဲ့ရင်ဆိုင်ခဲ့ရကာ သုတေသီတွေ ဂရုတစိုက်ထိန်းသိမ်းရတဲ့ အင်းဆက်မျိုးစိတ်ဝင်တွေဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=425,q=100/6a/6a002f237b0066e9457f9c2d18f77533baefb2f7.jpg

အရှည် ၇၀ မီလီမီတာဝန်းကျင်ရှိပြီး အလေးချိန် ၂၇ ဂရမ်ရှိတဲ့ ဝီတာတွေဟာ နယူးဇီလန်နိုင်ငံရဲ့ အကြီးဆုံးအင်းဆက်မျိုးစိတ်တွေလည်း ဖြစ်ပါတယ်။ သူတို့ဟာ ကမ္ဘာ့တောင်ဘက်ခြမ်းမှာပျံ့နှံ့နေတဲ့  Anostostomatida မိသားစုဝင်တွေဖြစ်ပါတယ်။ ဝီတာတွေဟာ အခြားပုရစ်တွေလိုပဲ ညဖက်မှာသာအစာရှာထွက်ကြပြီး နေ့ဖက်မှာရန်သူတွေလက်ကလွတ်ကင်းအောင် သစ်တုံးသစ်ခက်တွေကြားမှာ ပုန်းအောင်းနေတတ်ကြပါတယ်။

https://s9.kh1.co/__image/w=650,h=457,q=100/76/766c6569e830004cfc243af76db31cc656d727b2.jpg
https://s9.kh1.co/__image/w=650,h=488,q=100/16/16be97b65b15ddaf13f78994b23c947edba2643d.jpg

ဝီတာတွေရဲ့ပျမ်းမျှသက်တမ်းက (၂) နှစ်သာရှိပြီး အဆိုပါသက်တမ်းအတွင်းမှာ ဥ (၂၀၀) လောက်ထိ ဥနိုင်ပါတယ်။ ဝီတာထီးတွေဟာ အမတွေနဲ့မိတ်လိုက်ဖို့အတွက် တစ်ညကို မီတာ ၂၅၀ ကျော် သွားလာကြပါတယ်။ ဝီတာတွေရဲ့ထူးခြားချက်ကတော့ သူတို့ဟာအရွယ်မရောက်မီ (၉) ကြိမ်အထိ အရေခွံကိုခြွေပြီး ပြောင်းလဲကြပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/f4/f4c68721a8571cc5f88b75083af0ecd4b0defbf3.jpg
Van Ngun Lian
Van Ngun Lian

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T