အင်းဆက်ဆိုတာဘာလဲ..။ ကမ္ဘာပေါ်မှာ အင်းဆက်အမျိုးအစားပေါင်း ဘယ်လောက်ရှိမလဲ…။

//s9.kh1.co/45/453cfe6a6e7cc6cc8a9376aeca87a3b2707ed491.jpg
ဗဟုသုတအဖြာဖြာ

 ၂၇-လိုင်-၂၀၂၃ ၃pm · လွန်ခဲ့သော ၃ နှစ် က

ကမ္ဘာပေါ်မှာ အများဆုံးတိရိစ္ဆာန်တွေက အင်းဆက်တွေပါ..

အင်းဆက်ဆိုတာ ကျောရိုးမရှိတဲ့သတ္တဝါတွေဖြစ်ပြီး ခြေထောက်သုံးစုံ၊ အဓိကအစိတ်အပိုင်း သုံးခု ( ဦးခေါင်း၊ ရင်ဘတ်၊ ဝမ်းဗိုက် ) နှင့် အပြင်ဖက်မှာ ကြမ်းတမ်းတဲ့အဖုံးကဲ့သို့ အခွံတွေပါဝင်တဲ့ သေးငယ်တဲ့တိရိစ္ဆာန်တွေဖြစ်ပါတယ်။ အင်းဆက်အများစုမှာ တောင်ပံတစ်စုံ (သို့) နှစ်စုံ နှင့် အင်တာနာတစ်စုံစီရှိပါတယ်။

https://s9.kh1.co/__image/w=650,h=461,q=100/37/379fa6f410fddff639006b4f64047b71df2184af.jpg

ကမ္ဘာပေါ်မှာ လူသိများတဲ့အင်းဆက်မျိုးစိတ်ပေါင်း ၉၀၀၀၀၀ ကျော်ရှိပြီး ပိုးမွှားတွေကိုလေ့လာတဲ့ သိပ္ပံပညာရှင်တွေက လူတွေမသိသေး၊ မတွေ့နိုင်သေးတဲ့ အင်းဆက်ပေါင်း (၁၀) သန်းထိရှိနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ အင်းဆက်တွေဟာ နေရာတိုင်းမှာရှိနေပါတယ်။ တစ်ကမ္ဘာလုံးမှာရှိတဲ့ ပျမ်းမျှစတုန်းရန်းတစ်မိုင်မှာ အင်းဆက်တွေဟာ လူသားတွေထက် အရေအတွက် သိသိသာသာပိုများနေတာကို တွေ့ရမှာပါ။

https://s9.kh1.co/__image/w=650,h=320,q=100/e3/e305db7f5ff7918467859a590136d49293de9b0f.jpg
https://s9.kh1.co/__image/w=650,h=867,q=100/50/501ebd7b5652c53e795b4fb9b183ab7051f8f78a.jpg

အင်းဆက်တွေကို အုပ်စုပေါင်း (၃၂) ခုခွဲခြားထားပါတယ်။ အကြီးဆုံးအုပ်စုက ပိတုန်းကောင်အုပ်စုဝင်တွေဖြစ်ပြီး မိသားစုဝင်ပေါင်း ၁၂၅ ခုနှင့် မတူညီတဲ့မျိုးစိတ်ပေါင်း ၅၀၀၀၀၀ ကျော်ရှိပါတယ်။ တစ်ကယ်တော့ ကမ္ဘာပေါ်က ပျမ်းမျှတိရိစ္ဆာန်လေးကောင်မှာ တစ်ကောင်က Beetle ခေါ် ပိတုန်းကောင်အုပ်စုဝင်တွေဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုတစ်ခုတည်းမှာတင် သိပ္ပံပညာရှင်တွေ တွေ့ရှိပြီး အင်းဆက်ပေါင်း ၇၃၀၀၀ ခန့်ရှိပါတယ်။

https://s9.kh1.co/__image/w=650,h=650,q=100/ec/ecd4037fefdc9cabe6a4bf1f953b38e39afab74b.jpg
Van Ngun Lian
Van Ngun Lian

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T