နွားရိုင်းသတ်ပွဲတွေကြောင့် မျိုးတုန်းပျောက်ကွယ်သွားရတဲ့ နွားမျိုးစိတ်..

//s9.kh1.co/33/33634751e2a92350666844313825b20b37d0d0a4.jpg
ဗဟုသုတအဖြာဖြာ

 ၂၃-လိုင်-၂၀၂၃ ၁၂pm · လွန်ခဲ့သော ၂ နှစ် က

ရောမအားကစားပွဲတွေမှာ အရေးအပါဆုံးတိရိစ္ဆာန်တွေဖြစ်ခဲ့ပါတယ်..

ယခုခေတ်မှာ နွားရိုင်းသတ်ပွဲတွေကို သိပ်မတွေ့ရတော့ပေမယ့် အရင်ကနွားရိုင်းသတ်ပွဲတွေကို ဂိမ်းတစ်ခုအနေနဲ့ ပုံစံအမျိုးမျိုးပြုလုပ်ပြီး ဆင်နွှဲကြပါတယ်။ ဒီလိုကစားပွဲတွေဟာ လူကြိုက်အများဆုံးကစားပွဲတွေထဲက တစ်ခုလည်းဖြစ်ခဲ့ပါတယ်။ ဒီလိုနွားရိုင်းသတ်ပွဲတွေမှာ Eurasian aurochs လို့ခေါ်တဲ့နွားတွေကို အဓိကအသုံးပြုကြပါတယ်။

https://s9.kh1.co/__image/w=650,h=465,q=100/67/6785a392715ecfe8e31e10fd176e4d70dc97df06.jpg

Eurasian aurochs တွေဟာ ခေတ်သစ်နွားတွေရဲ့ ဘိုးအေလို့တင်စားရလောက်အောင် အလွန်ရှေးကျနွားမျိုးစိတ်တစ်ခုဖြစ်ပါတယ်။ တစ်ချိန်က ဥရောပ၊ ဆိုက်ဘေးရီးယားနှင့် အာရှတိုက်အလယ်ပိုင်း သဲတောင်တန်းတစ်လျှောက်မှာတွေ့ရတဲ့ ကြီးမားတဲ့တောရိုင်းနွားတွေဖြစ်ပါတယ်။ သူတို့ဟာ ၁.၈ မီတာ (၆ ပေ) လောက်အမြင့်ရှိပြီး ဦးချိုတွေကရှေ့ကိုကွေးနေပါတယ်။ ရန်လိုတတ်တဲ့စိတ်ထားကြောင့် လူသိများပြီး ရှေးခေတ်ရောမအားကစားပွဲတွေမှာ အသုံးပြုကြတဲ့ နွားရိုင်းတွေဖြစ်ပါတယ်။ အားကစားပွဲတွေမှာအသုံးပြုဖို့အတွက် အလွန်အကျွံအမဲလိုက်ခံရတာကြောင့် သူတို့ကျက်စားရာဒေသတွေမှာ တဖြည်းဖြည်းမျိုးတုန်းလာပါတယ်။

https://s9.kh1.co/__image/w=645,h=402,q=100/03/032bb930d44ec7738a18dbd2a9f758ca0abd333a.jpg
https://s9.kh1.co/__image/w=580,h=400,q=100/5a/5a68814fe5779ea8232b73bafad4865322915596.jpg

(၁၃) ရာစုအတွင်းမှာ Eurasian aurochs တွေရဲ့ အရေအတွက်အလွန်အကျွံကျဆင်းလာတာကြောင့် ဥရောပအရှေ့ပိုင်းမှာရှိတဲ့ မှူးမတ်နှင့် တော်ဝင်မိသားစုတွေက အမဲလိုက်ခွင့်ကို တရားဝင်ကန့်သတ်ခဲ့ကြပါတယ်။ ၁၅၆၄ ခုနှစ်မှာ ထိန်းသိမ်းရေးအဖွဲ့တွေက Eurasian aurochs အကောင်ရေ (၃၈) ကောင်သာ မှတ်တမ်းတင်နိုင်ခဲ့ကြောင်း တော်ဝင်စစ်တမ်းတစ်ခုမှာ ဖော်ပြထားပါတယ်။ ၁၆၂၇ မှာတော့ နောက်ဆုံးလက်ကျန် Eurasian aurochs နွားမဟာ သဘာဝအကြောင်းတွေကြောင့် ပိုလန်နိုင်ငံမှာ သေဆုံးခဲ့ပါတယ်။ ထိုအချိန်ကစလို့ Eurasian aurochs တွေကို ထပ်မမြင်ရတော့သလို မျိုးတုန်းတိရိစ္ဆာန်တွေအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။

https://s9.kh1.co/__image/w=600,h=900,q=100/2e/2e0a0c304467aa9c53e6f2f48e400283a0290164.jpg
Van Ngun Lian
Van Ngun Lian

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T