မိတ်လိုက်ပြီးရင် အထီးတွေကိုသတ်လေ့ရှိတဲ့ ရှိခိုးကောင်များ..

//s9.kh1.co/88/88fddcb671d63df4d214c801f03ce05ac0995aba.jpg
ဗဟုသုတအဖြာဖြာ

 ၁၄-လိုင်-၂၀၂၃ ၂pm · လွန်ခဲ့သော ၂ နှစ် က

အသက်ရှည်ရှည်နေချင်ရင် မိတ်မလိုက်ဘဲနေမှ..

သစ်ရွက်တွေနဲ့ဆင်တူပြီး အပင်တွေပေါ်မှာအများဆုံးတွေ့ရတတ်တဲ့ ရှိခိုးကောင်တွေကို မြန်မာပြည်နေရာအနှံ့၊ အထူးသဖြင့် တောတောင်ထူထပ်တဲ့ တောင်ပေါ်ဒေသတွေမှာ အများဆုံးတွေ့နိုင်ပါတယ်။ ဒီလိုရှိခိုးကောင်တွေဟာ မျိုးတူချင်းစားသုံးတတ်တဲ့ ထူးထူးခြားခြားတိရိစ္ဆာန်တွေထဲက တစ်မျိုးဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=487,q=100/8a/8adbcc62d146573f9a56eaf75db26b8cd3906e26.jpg

ရှိခိုးကောင်အမတွေဟာ အထီးတွေထက် အရွယ်အစားပိုကြီးပြီး သန်မာတဲ့အတွက် သားကောင်တွေကို ရှာဖွေရလွယ်ကူပါတယ်။ အထီးတွေကိုဆွဲဆောင်နိုင်ဖို့အတွက် အမတွေမှာ pheromone လို့ခေါ်တဲ့ ဓာတုအချက်ပြမှုတစ်ခုပါရှိပါတယ်။ အခုလိုဆွဲဆောင်ပြီး မိတ်လိုက်နေစဥ်အတွင်းမှာ အမတွေဟာ အထီးတွေကိုတိုက်ခိုက်တတ်ကြပါတယ်။ အထီးတွေရဲ့ခေါင်းကပြတ်နေရင်တောင် ဝမ်းဗိုက်မှာရှိတဲ့အာရုံကြောတွေက ခန္ဓာကိုယ်ကိုထိန်းချုပ်နိုင်တဲ့အတွက် အမတွေနဲ့ဆက်ပြီးမိတ်လိုက်နိုင်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=867,q=100/b2/b23674c4a41fb02970493a230f2828a763197054.jpg
https://s9.kh1.co/__image/w=512,h=640,q=100/7a/7aa801c52daa279016198076e2144288afa3d52a.jpg

ရှိခိုးကောင်တွေဟာ တစ်ကြိမ်မျိုးပွားရင် ဥပေါင်း (၁၀၀) နီးပါးရှိတဲ့အတွက် သားပေါက်တွေစွမ်းအင်လုံလုံလောက်လောက်ရရှိနိုင်အောင် အထီးတွေကိုတိုက်ခိုက်ပြီး စားသုံးစေကြတာဖြစ်ပါတယ်။ အချို့ရှိခိုးကောင်တွေဟာ မိတ်မလိုက်ဘဲ မျိုးပွားနိုင်တဲ့အတွက် အထီးတွေကိုတိုက်ခိုက်ပြီးစားသုံးတဲ့ဖြစ်စဥ်ဟာ ပိုမိုအားကောင်းလာတာတွေ့ရပါတယ်။ 

https://s9.kh1.co/__image/w=650,h=650,q=100/32/32b0434505d93d1c3b42760ca2c4c00557a27ca3.jpg
Van Ngun Lian
Van Ngun Lian

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T