မိန်းကလေးတွေမုန်းတဲ့ ယောကျ်ားလေးတွေရဲ့အပြုအမူတွေ

//s9.kh1.co/fa/fa3d87b57c07d7cdca10435bcb0f8fe556b8389f.jpg
ဗဟုသုတအဖြာဖြာ

 ၂၆-ဇွန်-၂၀၂၃ ၂pm · လွန်ခဲ့သော ၂ နှစ် က

ပျိုတိုင်းကြိုက်နှင်းဆီခိုင်ကြီးတွေဖြစ်ချင်ရင် ဒီအချက်တွေရှောင်ပါ

မိန်းကလေးအများစုဟာအိမ်ထောင်ဖက် ဒါမှမဟုတ် ချစ်သူရွေးချယ်ကြတဲ့အခါ စံနှုန်းသတ်မှတ်ချက်တွေမတူညီတာတွေအများကြီးရှိတတ်ပေမဲ့ သူတို့မုန်းတီးတဲ့ အပြုအမူတွေကတော့ ယေဘုယျအားဖြင့်တူညီကြပါတယ်။  

https://s9.kh1.co/__image/w=612,h=408,q=100/96/96d23e2f8beecb683ce69fb1534fffc532b5297d.jpg

ဆေးလိပ်သောက်လွန်းတဲ့သူ ဒါမှမဟုတ် အရက်သေစာတွေကိုအလွန်အကျွံသောက်သုံးတဲ့အလေ့အကျင့်ရှိသူတွေဟာ မိန်းကလေးတွေရဲ့အမြင်မှာ ပေါ့ပြက်ပြက်ပုံပေါ်နေမှာဖြစ်ပါတယ်။ ပြီးတော့ မိန်းကလေးတွေအနေနှင့် ဒီလိုပါတနာရှိရင် နောက်ဆက်တွဲရလာနိုင်တဲ့ပြဿနာနှင့်စိတ်ဆင်းရဲမှုတွေကိုပါ ကြိုတင်သိနေကြတာကြောင့် ဒီလိုအပြုအမူရှိတဲ့ယောကျာ်းလေးတွေကိုဆိုဝေးဝေးရှောင်ကြလေ့ရှိပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/34/34da7f2a0ab57be4ed2dffa1330ce638c82668f2.webp

တစ်ကိုယ်ကောင်းဆန်ပြီး စာနာထောက်ထားတတ်တဲ့စိတ်မရှိတဲ့ယောကျာ်းလေးတွေကလည်း မိန်းကလေးတွေမုန်းတီးတဲ့သူတွေပဲဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုမရှိဘဲ အမြဲတမ်းသိမ်ငယ်အားငယ်နေတတ်တဲ့အကျင့်မျိုးကလည်း မိန်းကလေးတွေတစ်ကယ်မုန်းတီးကြတဲ့အကျင့်ဖြစ်ပါတယ်။ ပြီးတော့ တစ်ဖက်ပါတနာကိုအလျှော့ပေးတာ လိုက်ညှိပေးတာလိုမျိုးမလုပ်ဘဲ တစ်ယောက်ထဲအကုန်စီစဥ်တတ်တဲ့အကျင့်ကလည်း မိန်းကလေးအများစုမကြိုက်တဲ့အပြုအမူပဲဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/13/13909768ff0db6aa3095eafb4464b48d96cd664f.jpg
https://s9.kh1.co/__image/w=650,h=732,q=100/82/82fa387aed6b71197dfde25b3d7d14f99858589d.jpg

ဆုံးဖြတ်ချက်မပြတ်သားတာ အမြဲတမ်းဝေဝါးနေတတ်ပြီး ကြိုးစားလိုစိတ်မရှိတဲ့ အပြုအမူကလည်းပဲ မကောင်းတဲ့အရာပဲဖြစ်ပါတယ်။ အလုပ်အကိုင်နှင့်မဆိုင်ဘဲ ကြိုးစားလိုစိတ်လုံးလုံးမရှိတဲ့အပြင် အမြဲတမ်းသူများကိုပဲအားကိုးတတ်တဲ့အကျင့်တွေဟာ မိန်းကလေးတွေအမုန်းဆုံးအကျင့်တစ်ခုပဲဖြစ်ပါတယ်။ ပြီးတော့ အရေးကြီးတဲ့အပြုအမူတစ်ခုကတော့ သန့်ရှင်းသပ်ရပ်ခြင်းပါပဲ။ မိန်းကလေးတွေဟာ ပထမဆုံးအမြင်နှင့်အကဲဖြတ်တတ်ကြတာကြောင့် အသွင်အပြင်နှင့် ဝတ်စားဆင်ယင်မှုတွေဟာ ယောကျာ်းလေးတစ်ယောက်အတွက်အရေးကြီးတဲ့အပြုအမူပဲဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/76/76b0cc0bcb5db1202e27d6bf2c8436dbf43e27ec.jpg

သတင်း အရင်းအမြစ် www.lovepanky.com

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T