သီချင်းနားထောင်ခြင်းကနေ သင်ရရှိနိုင်တဲ့အကျိုးကျေးဇူး (၇) မျိုး

//s9.kh1.co/ec/ecfad26e8fc2c1e2072fdf788d5609e447e935fa.jpg
ဗဟုသုတအဖြာဖြာ

 ၂၃-ဇွန်-၂၀၂၃ ၃pm · လွန်ခဲ့သော ၂ နှစ် က

စိတ်ရောကိုယ်ကိုပါ အကျိုးရှိစေတဲ့သီချင်းနားထောင်ခြင်း

(၁) ပိုပျော်ရွှင်စေတယ်။

သီချင်းနားထောင်ခြင်းက ဦးနှောက်ထဲက ပျော်ရွှင်ခြင်းဟော်မုန်းတွေကိုပိုပြီးလှုံ့ဆော်ပေးတတ်တာကြောင့် ကိုယ်ကြိုက်တဲ့သီချင်း ဒါမှမဟုတ် သဘောကျတဲ့တေးသွားတွေကိုကြားလိုက်ရင်ပိုပြီးပျော်ရွှင်လာစေပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/94/94644a20bc9c0437b0b5e8c4912059a078f5d18d.webp

(၂) စိတ်ဖိစီးမှုနှင့် ကျန်းမာရေးကိုကူညီပေးတယ်။

စိတ်ဖိစီးမှု နှင့်စိတ်ညစ်တာတွေကို သီချင်းနားထောင်ခြင်းက အကောင်းဆုံးကုစားပေးနိုင်ပါတယ်။ စိတ်ထဲမှာနာကျင်နေရတာတွေကို သက်သာစေတဲ့အပြင် စိတ်ဖိစီးမှုကိုလျော့ပါးစေတတ်ပါတယ်။

https://s9.kh1.co/__image/w=650,h=413,q=100/aa/aa8b68a6d174dc0db5f713ca4f65d892dfe58f19.jpg

(၃) စွမ်းဆောင်နိုင်စွမ်းကိုတိုးတက်စေတယ်။

လေ့လာချက်တွေအရ သီချင်းနားထောင်ရင်းအလုပ်လုပ်လေ့ရှိသူတွေဟာ သာမာန်လူတွေထက်ပိုပြီးဉာဏ်ရွှင်ကြတဲ့အပြင် ပိုပြီးလည်းမြန်မြန်ဆန်ဆန်ပြီးမြောက်တတ်ကြပါတယ်။ လူအမျိုးအစားအလိုက် ကွာခြားနေနိုင်ပေမဲ့ ဂီတက လူသားတွေကိုကြီးမားတဲ့လှုံ့ဆော်မှုပေးတာကတော့ အမှန်ပဲဖြစ်ပါတယ်။

https://s9.kh1.co/__image/w=500,h=334,q=100/5a/5a0bab528e23f77a55b2a5536e7c0877d8ab5445.jpg

(၄) စိတ်ကျရောဂါကိုကုစားပေးနိုင်တယ်။

အခုဆိုရင် စိတ်ကျရောဂါကိုကုသတဲ့ဆေးခန်းတစ်ချို့မှာ ဂီတကိုဆေးဝါးတစ်ခုအဖြစ်အသုံးပြုနေကြပြီပဲဖြစ်ပါတယ်။ မတူညီတဲ့ဂီတအမျိုးအစားတွေနှင့် မတူညီတဲ့စိတ်ဒဏ်ရာတွေကိုကုစားပေးနိုင်ပါတယ်။

https://s9.kh1.co/__image/w=650,h=325,q=100/76/76e98ce5371927c9a1f5949a1e52c9dbd9c9f238.jpg

(၅) လေ့လာမှုနှင့်မှတ်ဉာဏ်ကိုအထောက်အကူဖြစ်စေတယ်။ 

ဂီတနားထောင်ခြင်းက ဦးနှောက်ကိုလှုံ့ဆော်ပေးတာကြောင့် သင်ယူမှုနှင့်မှတ်ဉာဏ်ကိုပိုပြီးကောင်းမွန်စေပါတယ်။ တစ်ချို့သူတွေဟာ စာလေ့လာနေရင် သီချင်းဖွင့်ထားပြီးလေ့လာရင် ပိုပြီးတော့မှတ်မိလွယ်တတ်ကြတာမျိုးရှိပါတယ်။

https://s9.kh1.co/__image/w=650,h=490,q=100/b0/b0212afad5c64f8ca76d4ca9bd5595689b9cbd85.webp

(၆) စကားပြောစွမ်းရည်ကိုတိုးတက်လာစေတယ်။

ကလေးငယ်တွေကိုစောင့်ကြည့်ပြီးလေ့လာထားချက်တွေအရ ဂီတသံတွေကြားနေကျဖြစ်တဲ့ကလေးတွေဟာ သာမာန်ကလေးတွေထက်ပိုပြီးမြန်မြန်စကားပြောကြသလို စကားလုံးအသစ်တွေကိုလည်းအလွယ်တကူမှတ်မိနိုင်ကြပါတယ်။ 

https://s9.kh1.co/__image/w=650,h=434,q=100/fa/fa8f7b84f0288be2b081fd0f5e3276353298dc05.jpg

(၇) အိပ်ပျော်စေဖို့ကူညီပေးတယ်။ 

သီချင်းနားထောင်ရင်းအိပ်တာဟာ အိပ်မပျော်တဲ့ရောဂါကိုကြုံနေရတဲ့သူတွေအတွက် အကောင်းဆုံးကုသမှုတစ်ခုဖြစ်ပါတယ်။ အိပ်ခါနီး ငြိမ့်ညောင်းတဲ့သံစဥ်တွေနားထောင်ပေးခြင်းက တစ်ညလုံးအိပ်ပျော်အောင်နှင့် အိမ်မက်ဆိုးတွေမက်ခြင်းကိုတားဆီးပေးနိုင်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=434,q=100/49/49018aafae963595a6c40b8c402055b6d65c9d8f.webp

သတင်း အရင်းအမြစ် www.kent.com

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T