ရေအောက် အမဲလိုက်နိုင်တဲ့ စွမ်းရည်ကြောင့် နာမည်ကျော်ကြားတဲ့ ငှက်ညိုလုံးများ

//s9.kh1.co/07/07719e30d37ac476664e03df32b798aff8ed8eba.jpg
ဗဟုသုတအဖြာဖြာ

 ၂၃-ဇွန်-၂၀၂၃ ၁၁am · လွန်ခဲ့သော ၃ နှစ် က

ရေအောက် အမဲလိုက်နိုင်တဲ့ စွမ်းရည်ကြောင့် နာမည်ကျော်ကြားတဲ့ ငှက်ညိုလုံးများ

ပင်လယ်ထဲ ရေငှပ်အစာရှာတဲ့ ငှက်မျိုးစိတ်တွေနဲ့တူတဲ့ ငှက်မျိုးစိတ်ကတော့ အခုမြင်တွေ့နေရတဲ့ Brown Dipper ငှက်မျိုးစိတ်ပါ။  Brown Dipper ဆိုတဲ့ နာမည်က ၁၇၇၆ ခုနှစ်မှာ ပထမဆုံးတွေ့ရှိခဲ့တဲ့ ဂျာမန်သတ္တဗေဒပညာရှင် Peter Simon Pallas က အမည်ပေးထားခဲ့တာပါ။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့  ငှက်ညိုလုံးလည်း ခေါ်ကြပါတယ်။

Photo Credit - From Google 
Photo Credit - From Google 
Photo Credit - From Google 
Photo Credit - From Google 

ကျွန်တောတို့ မြန်မာနိုင်ငံမှာဆိုရင် သူတို့ကို မြေပျံ့ဒေသတွေကလွဲလို့ ပင်လယ်ရေမျက်နှာပြင်အထက် ၂၀၀ မှ ၂၈၀၀ မီတာအတွင်း တွေ့နိုင်ပြီး တောင်ပေါ်ဒေသ အေးမြပြီး ရေစီးမြန်တဲ့ မြစ်ချောင်းများမှာ အဓိကကျက်စားနေထိုင်ကြပါတယ်။ အရွယ်ရောက်ပြီးသား ငှက်ညိုလုံးတစ်ကောင်ဆိုရင် အရှည် ၇ မှ ၈ လက်မထိရှိပြီး ဂင်တိုတို၊ အမြီးတိုတိုနဲ့ တစ်ကိုယ်လုံး အညိုရောင်ရှိတဲ့ငှက် ဖြစ်ပါတယ်။ နားနေစဉ်မှာလည်း သူတို့ရဲ့ အမြီးကို အမြဲထောင်မတ်ထားလေ့ရှိတယ်။

Photo Credit - From Google 
Photo Credit - From Google 
Photo Credit - From Google 
Photo Credit - From Google 

ငှက်ညိုလုံးတွေရဲ့ ထူးခြားတဲ့ စွမ်းရည်ကတော့ ရေအောက်အမဲလိုက်နိုင်မှုစွမ်းရည်ပါ။ တသွင်သွင်စီးဆင်းနေတဲ့ ချောင်းတွေထဲ ငုပ်လျှိုးပြီး သူတို့ရဲ့ သားကောင်ဖြစ်တဲ့ အင်းဆက်များ ၊ သားလောင်းများအပါအဝင် အခြားရေနေသတ္တဝါငယ်များကို အမဲလိုက်ကြတာ ဖြစ်ပါတယ်။ 

Photo Credit - From Google 
Photo Credit - From Google 

သုတေသနပညာရှင်တွေရဲ့ စစ်တမ်းတွေအရ ငှက်ညိုလုံး (Brown Dipper) ငှက်တွေဟာ မျိုးသုဉ်း အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေမှာရှိတယ်လို့ ဆိုပါတယ်။  ဘာဖြစ်လိုလဲဆိုတော့ လေထုညစ်ညမ်းမှု၊ သစ်တောပြုန်းတီးမှုနှင့် မြစ်ရေစီးကြောင်းကြောင့် ဖြစ်ပေါ်လာတဲ့ နေရင်းဒေသများ ပျက်စီးယိုယွင်းလာခြင်းကြောင့် ခြိမ်းခြောက်မှုများနှင့် ကြုံတွေ့ရတာ ဖြစ်ပါတယ်။ 

သတင်း အရင်းအမြစ် Source - wikipedia

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T